Part - 18 (Unicode)

855 17 1
                                    


Vitaminတစ်ယောက် အုတ်ဂူတစ်ခုရဲ့ရှေ့မှာရပ်ကာ စကားတွေပြောနေသည်မှာ ၁၅မိနစ်ခန့်ပင်ရှိလေပြီ...

အချိန်တွေက ကုန်တာမြန်လိုက်တာနော်၊ မနေ့တစ်နေ့ကလိုပါပဲ၊ 'သေသောသူ ကြာရင်မေ့'ဆိုပေမယ့် အခုထိမေ့လို့မရနိုင်သေးပါဘူး... ထားခဲ့သူကတော့ အခုလောက်ဆို အေးချမ်းနေလောက်ရောပေါ့၊ ကျန်ခဲ့သူတွေမှာသာ အလွမ်းတွေအပြည့်နဲ့....

"Bossပြန်ကြရအောင်နော်....."

လမ်းမထက်ဝယ် ကားတစ်စီးဟာ တစ်ရွေ့ရွေ့ဖြင့် ဦးတည်ရာသို့ မောင်းနှင်လေသည်...

...............

"ဒယ်ဒီ!!
ဒယ်ဒီ!!"

အခန်းတစ်ခုထဲဝင်လိုက်တာနဲ့ အသံဆာဆာလေးတွေကို အရင်ကြားလိုက်ရသည်မို့ ပြုံးလိုက်မိသည်...

"အာယိုးး ဒယ်ဒီ့ပေါက်စလေးတွေက ချစ်စရာလေးတွေပါလားကွ၊ရွှတ် ရွှတ်.."

အသဲယားစွာ ဖောင်းအိနေတဲ့ပါးလေးတွေကိုနမ်းလိုက်မိလေသည်..

"အဟွန့် ဒယ်ဒီလူဆိုး ခါးခါးတွေပျက်ကုန်ပြီ၊ ဖေဖေနဲ့တိုင်ပြောမယ်..၊ လာ.. မမ"
သူ့အမလက်ကို သူ့လက်ပိစိလေးနဲ့ဆွဲကာ ဖင်လေးကော့တော့ကော့တော့နဲ့ ထွက်သွားတဲ့ 5နှစ်သားအရွယ် ပေါက်စလေး..

ဟော..ဒီကချစ်လို့နမ်းပဲနမ်းလိုက်မိတာပါကွာ၊ ဒီမောင်နှမနှစ်ယောက်ကတော့ တိုင်ကြောထူလေးတွေပဲ..အဟားး

"ဖေဖေရေ ဒယ်ဒီ့ကိုဆူပါဦး သားတို့ကိုအာဘွားအကြီးကြီးပေးပစ်တာ ခါးခါးတွေပျက်ကုန်ပြီ၊ ဦးဦးတို့နဲ့တွေ့ရင် မလှပဲနေတော့မှာ"

"ဟုတ်လား ​ပြပါဦး၊ အယ် ဟုတ်သား ခါးခါးတွေပျက်ကုန်ပြီကြည့်ပါဦး၊ အဲ့ဒါဆို ဒယ်ဒီ့ကိုဖေဖေ တုတ်အကြီးကြီးနဲ့ နာနာလေးရိုက်ပေးမယ်နော်..
"
ပိုပိုသာသာလေးပြောလိုက်ပြီး တကယ်ရိုက်ဖို့ပုံစံနဲ့ ကြက်မွှေးကောက်ကိုင်ပြလိုက်တော့

"အီးဟီး ဒယ်ဒီနာနာဖြစ်သွားမယ် ရိုက်ပါနဲ့၊ သားက စတာပါ၊ ဒယ်ဒီ့ကိုရိုက်ပါနဲ့နော်ဖေဖေ၊ မမ ကယ်ပါဦး၊ ဖေဖေကဒယ်ဒီ့ကိုရိုက်တော့မယ် အီးဟီးး"

သိသားပဲ အဆိုးလေး၊ သူ့ဒယ်ဒီကို သူ့လောက်ချစ်တာသူပဲ၊ အခုလည်းကြည့် သူပဲတိုင်ပြီး ဒီကရိုက်မယ်လည်းဆိုရော သူ့ဒယ်ဒီအရှေ့ကနေ လက်လေးကာပြီး ကာကွယ်နေလေရဲ့၊ အဟက်..အတတ်လေး...နေရင်းထိုင်ရင်း ဒီအဖေက လူဆိုးကြီးဖြစ်ရပြီ၊ အကြီးမလေးကိုကြည့်လိုက်တော့ သူ့မောင်လေးကိုကြည့်ကာ ပြုံးနေလေရဲ့၊ အမွှာဆိုပေမယ့် သမီးလေးက လူကြီးဆန်ပြီး သားလေးကို အရမ်းချစ်တယ်၊ သားကတော့ တစ်အိမ်လုံးကိုပက်ဆိုးနေသူလေး...

☀️Love = အချစ်🌻 (Completed) Where stories live. Discover now