Love = အချစ်
"Morning ဖွားမေ ၊ ရှိုင်း အိပ်ရာထ နောက်ကျသွားတာလား၊ ကိုကိုရော"
"သားကိုကိုက မနက်အစောကြီးပဲ အလုပ်ကိစ္စအရေးတကြီးဖုန်းဝင်လာလို့ ကုမ္မဏီကိုပြေးပြီ၊ ဒါနဲ့ တွေ့ရင်ကြမတည့်ဘူး အခုမတွေ့ရတော့လည်း မေးနေပါ့လား ၊ ပြောပါဦး"
ဖွားမေက ပြုံးစစနဲ့မေးတော့ ဇာတ်ပိုးကို မီးပွင့်မတက်သာ ပွတ်နေမိတော့သည်..."ဖွားမေ ရှိုင်းနဲ့ကိုကိုက အရင်လို ရန်ဖြစ်မှာမဟုတ်တော့ဘူးသိလား ဟီး.."
"ဟေ...ဟုတ်လို့လားကွယ်၊ ဖွားမေဖြင့် မယုံရဲပေါင်"
"ဟာ ..ဖွားမေကလည်း တကယ်ပါဆို ကိုကိုက ပြောတယ်၊တစ်နှစ်ပတ်လုံး တူတူနေရမယ့်သူတွေက ရန်ပဲဖြစ်နေလို့ အဆင်မပြေဘူးတဲ့ အဲ့ဒါကြောင့် ညက ငြိမ်းချမ်းရေး ယူလိုက်ကြတာ"
"အမလေး တကယ်ဟုတ်မဟုတ်က စောင့်ကြည့်ရမှာပါတော် ကျုပ်ဖြင့်မယုံနိုင်သေးဘူးအေ"
"ဟုတ် စောင့်ကြည့်ပါ ဖွားမေရဲ့၊ ဒါနဲ့လေ ရှိုင်းဈေးသွားချင်လို့ လိုက်ပို့ပါလားဟင်"
"ဟေ ...မြေးက ဘာစားချင်လို့လဲ ဖွားမေကိုပြောလေ ဒေါ်ကြီးစိုးကို ချက်ခိုင်းလိုက်မယ်"
(ဒေါ်ကြီးစိုးက Vitamin ငယ်ငယ်ထဲကထိန်းလာတဲ့ အိမ်ထိန်းကြီးကြီးပါ)"ရှိုင်းစားဖို့မဟုတ်ဘူး ဖွားမေ၊ မနေ့က ထမင်းစားနေတုန်း ကိုကိုက ဝက်နံရိုးချက် စားချင်တယ်ပြောလို့ ချက်ကျွေးချင်လို့ပါ"
"ဪ တည့်တော့လည်း သူတို့အပြင်နှစ်ယောက်မရှိဘူး၊တတ်လည်းတတ်နိုင်ပါ့အေ.. ကဲ သွားမယ်ဆိုလည်း ဖွားမေ ဦးဘမောင်ကို လိုက်ပို့ခိုင်းလိုက်မယ်"
(ဦးဘမောင်ကလည်း ဒီအိမ်မှာ ဒရိုင်ဘာလုပ်နေတာကြာပြီဖြစ်တဲ့ သူတစ်ယောက်ပါ)"ဟုတ်ကဲ့ ဖွားမေ"
...........
ရုံးမှာ မနက်ကတည်းက ရှင်းလိုက်ရတဲ့ ပြသနာပေါင်းစုံဆိုတာ အခု၁၁နာရီမှ ပြီးတော့တယ်...
မနက်စာလည်း မစားလာရတော့ ဗိုက်က ဆန္ဒပြလာလေပြီ၊ တစ်ခုခုမှာစားဖို့ ဖုန်းကိုအယူ ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့ ဖွားဖွားခေါ်တာဖြစ်သည်..

YOU ARE READING
☀️Love = အချစ်🌻 (Completed)
Lãng mạn☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာတယ်လို့ထင်နေတာလား၊ငါကလည်းမင်းကိုမယူချင်ပါဘူး .. (Vitamin) ဘ...