Love =အချစ်
"ဗျာ!! ကျွန်တော်က ဒီကအကိုနဲ့ လက်ထပ်တော့မှာ ဟုတ်လား"
ပြူးကြောင်ကြောင်နဲ့ အံဩနေပုံလေးက ဖက်နမ်းပစ်ချင်စရာ....
"ဟုတ်တယ် မြေးရဲ့၊ နောက်လထဲဆို မဂ်လာပွဲလေ၊မြေးလေး သက်သာအောင်နေနော်"
Vitamin အမွှေစိန်လေး၊ ငါတို့အဖွားကြီးတွေကို အသက်ကြီးမှ တရားပျက်အောင် သူနဲ့ပေါင်းပြီး လိမ်ခိုင်းနေတာ၊ ပေးစားမှာတော့မှန်ပေမယ့် ကလေးကျောင်းပြီးမှ စီစဥ်ဖို့ကို.....
"ဘာလဲ ချာတိတ်က အတိတ်မေ့သွားတယ်ဆိုပြီး ကိုယ့်ကို တာဝန်မယူချင်တော့လို့လား..."
"ဗျာ!! အဲ့လိုမဟုတ်....အာ...ကျွန်တော် ဘယ်လိုပြောရမလဲ..ကျွန်တော်တို့ကယောက်ျားလေးအချင်းချင်းတွေလေ ပြီးတော့ အကို့ကို ကျွန်တော်မမှတ်မိဘူး... "
"အခုမမှတ်မိလည်းရတယ်၊နောက်ဆို တဖြေးဖြေးသတိရလာမှာပါ၊
အရေးကြီးတာက ကိုယ်နဲ့လက်ထပ်ဖို့ပဲ..."ဇွတ်ပါလား ငါ့မြေးရယ် ကြိုက်မရှက်၊ငိုက်မရှက်ဆိုတာ သူ့ကိုပြောတာနေမှာ တကယ်ပဲ.....
"ကဲပါ မြေးမင်ရယ် ရှိုင်းလေးက အခုမှသတိရတဲ့ဟာကို၊ နောက်မှဖြေးဖြေးချင်းရှင်းပြပေါ့၊ ဖွားဖွား ဆေးရုံဆင်းဖို့ကိစ္စ သွားမေးလိုက်ဦးမယ်"
"ဟုတ် ဖွားဖွား"
...............
"ချာတိတ်..
ကိုယ့်ကို ကိုကိုလို့ခေါ်ရမှာလေ အကိုမဟုတ်ဘူး""ဟို..အဲ့ဒါကို ကျွန်တော်ခေါ်ဖို့က...
အမလေး!!"
ကုတင်ပေါ်စွေ့ကနဲလာထိုင်တာကြောင့် လူက လန့်သွားရသည်၊ သူက လုပ်လိုက်ရင်အလန့်တကြားချည်းပဲ"ကိုကိုလို့ခေါ်မှာလား၊မခေါ်ဘူလား၊
မခေါ်ရင် ဟောသလိုဖက်ပြီးတော့ အသက်ရှူမဝအောင်နမ်းပစ်မှာနော်"ပြောပြောဆိုဆို တကယ်လုပ်မယ့်ပုံ၊ အနားကို တဖြေးဖြေးကပ်လာတာကြောင့်...
"ခဏ ခဏလေး!! ခေါ်ရင်ရပြီမလား၊ အနားကခွာပေးပါဦး"
"အိုခေ: အဲ့ဒါဆိုခေါ်တော့ ကိုကိုလို့"
YOU ARE READING
☀️Love = အချစ်🌻 (Completed)
Romansa☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာတယ်လို့ထင်နေတာလား၊ငါကလည်းမင်းကိုမယူချင်ပါဘူး .. (Vitamin) ဘ...