Love =အချစ်
"ဗျာ!! ကျွန်တော်က ဒီကအကိုနဲ့ လက်ထပ်တော့မှာ ဟုတ်လား"
ပြူးကြောင်ကြောင်နဲ့ အံဩနေပုံလေးက ဖက်နမ်းပစ်ချင်စရာ....
"ဟုတ်တယ် မြေးရဲ့၊ နောက်လထဲဆို မဂ်လာပွဲလေ၊မြေးလေး သက်သာအောင်နေနော်"
Vitamin အမွှေစိန်လေး၊ ငါတို့အဖွားကြီးတွေကို အသက်ကြီးမှ တရားပျက်အောင် သူနဲ့ပေါင်းပြီး လိမ်ခိုင်းနေတာ...
"ဘာလဲ ချာတိတ်က အတိတ်မေ့သွားတယ်ဆိုပြီး ကိုယ့်ကို တာဝန်မယူချင်တော့လို့လား"
"ဗျာ!! အဲ့လိုမဟုတ်....အာ...ကျွန်တော် ဘယ်လိုပြောရမလဲ..ကျွန်တော်တို့ကယောက်ျားလေးအချင်းချင်းတွေလေ ပြီးတော့ အကို့ကို ကျွန်တော်မမှတ်မိဘူး"
"အခုမမှတ်မိလည်းရတယ်၊နောက်ဆိုတဖြေးဖြေးသတိရလာပါ၊အရေးကြီးတာက ကိုယ်နဲ့လက်ထပ်ဖို့ပဲ"
ဇွတ်ပါလား ငါ့မြေးရယ် ကြိုက်မရှက်၊ငိုက်မရှက်ဆိုတာ သူ့ကိုပြောတာနေမှာ တကယ်ပဲ.....
"ကဲပါ မြေးမင်ရယ် ရှိုင်းလေးက အခုမှသတိရတဲ့ဟာကို၊ နောက်မှဖြေးဖြေးချင်းရှင်းပြပေါ့၊ ဖွားဖွား ဆေးရုံဆင်းဖို့ကိစ္စ သွားမေးလိုက်ဦးမယ်"
"ဟုတ် ဖွားဖွား"
...............
"ချာတိတ်..
ကိုယ့်ကို ကိုကိုလို့ခေါ်ရမှာလေ အကိုမဟုတ်ဘူး""ဟို..အဲ့ဒါကို ကျွန်တော်ခေါ်ဖို့က...
အမလေး!!"
ကုတင်ပေါ်စွေ့ကနဲလာထိုင်တာကြောင့် လူက လန့်သွားရသည်၊ သူက လုပ်လိုက်ရင်အလန့်တကြားချည်းပဲ"ကိုကိုလို့ခေါ်မှာလား၊မခေါ်ဘူလား၊
မခေါ်ရင် ဟောသလိုဖက်ပြီးတော့ အသက်ရှူမဝအောင်နမ်းပစ်မှာနော်"ပြောပြောဆိုဆို တကယ်လုပ်မယ့်ပုံ၊ အနားကို တဖြေးဖြေးကပ်လာတာကြောင့်...
"ခဏ ခဏလေး!! ခေါ်ရင်ရပြီမလား၊ အနားကခွာပေးပါဦး"
"အိုခေ: အဲ့ဒါဆိုခေါ်တော့ ကိုကိုလို့"
"ကို...ကိုကို"
"ဟမ် မကြားလိုက်ဘူး၊ ထပ်ခေါ်ပါဦး"

YOU ARE READING
☀️Love = အချစ်🌻 (Completed)
Romance☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာတယ်လို့ထင်နေတာလား၊ငါကလည်းမင်းကိုမယူချင်ပါဘူး .. (Vitamin) ဘ...