☀️Love = အချစ်🌻
"ကိုကို ရှိုင်းအိပ်တော့မယ်နော် ၊ ဒီဆ်ိုဖာမှာ အိပ်လိုက်မယ် ကိုကိုက ကုတင်ပေါ်မှာအိပ်လိုက်နော်"
ဟုတ်တယ်လေ တစ်ကုတင်ထဲတော့ အိပ်လို့မဖြစ်လောက်ဘူးလေ၊ ကိုယ်ကအိပ်တာဆိုးရင် ဒုက္ခ...
ခပ်တည်တည်ပဲ သူ့ဘာသာပြောပြီး ကုတင်ကခေါင်းအုံးလာယူကာပိုက်ပြီး ဆိုဖာဆီသွားဖို့ပြင်နေတဲ့ချာတိတ်ကြောင့်...
"ဟိတ်..ဒီကိုလာ ဘယ်ဆိုဖာမှာ သွားနေမှာလဲ၊ မနက်ကျရင်ခါးနာလိမ့်မယ်၊ ဖွားဖွားတို့သိရင်လည်းကိုယ်ပဲ အပြောခံရမှာ ၊ လာခဲ့ ဒီမှာပဲအိပ်"
အား...ဒီစူပုတ်ကြီးနဲ့အတူတူအိပ်ရမှာလား၊ ပြန်ပြောရင်လည်းရန်ဖြစ်ရဦးမယ် ဖွားဖွားက မှာလိုက်တယ်၊ ရန်မဖြစ်နဲ့ဆိုလို့ ပြန်မပြောတော့ပါဘူးလေ
TVကြည့်တုန်းက မျက်စိညောင်းပြီးအိပ်ချင်နေပေမယ့် အခုတော့မအိပ်ချင်တော့ပြန်ဘူး၊အိပ်ရာ အပြောင်းအလဲကြောင့်နေမယ်၊ပြီးတော့ ဖွားဖွားကို သတိရလို့ ငိုချင်လာသည်..
နာရီကိုကြည့်တော့ ၁၁ထိုးပြီမို့ အိပ်ဖို့ပြင်လိုက်တော့ ဘေးနားက လှုပ်နေတဲ့ကလေးစုတ်က အခုထိအိပ်မပျော်သေးဘူးပဲ၊ဟမ်.. သူ သူငိုနေတာလား
"ချာတိတ် ဒီဘက်လှည့်ဦး ဘာဖြစ်လို့ငိုနေတာလဲ၊ ကိုယ့်ကိုပြော"
ငိုနေတော့လည်း လူကပူထူပြီး ဘာလုပ်ရမလဲမသိလူက ငိုချင်နေပါတယ်ဆိုမှ ဘာလို့ငိုနေတာလဲမေးတော့ ပိုငိုချင်သွားတာကြောင့် အသံထွက်ပြီး တိုးငိုလိုက်သည်
"အီး ဟီး ဖွားဖွားကိုလွမ်းတယ်"
ဪ သူ့အဖွားကို လွမ်းလို့ ငိုသတဲ့လားကွာ၊ ကိုယ့်မှာ ရယ်ရခက် ငိုရခက်၊ ကလေးတစ်ယောက်လို မျက်ရည်တွေရော နှပ်ရည်တွေရောကျကာ နှာသီးဖျားတွေ ရဲနေအောင် ငိုထားပုံက တကယ်ချစ်စရာကောင်းလှသည်၊ အခုမှ ချာတိတ်ကိုသေချာကြည့်မိသည်၊ ခြုံငုံပြီး ပြောရရင် တော်တော်ချစ်စရာကောင်းတာအမှန်ပဲ၊ တွေ့တိုင်းရန်ပဲဖြစ်နေရတော့ သတိမထားမိတာလဲ ပါမယ်၊
ဒါနဲ့ ဒီနေ့ကျမှ ငါဘာဖြစ်နေတာလဲ၊ဘာလို့ သူ့ကိုစကားအကောင်းတွေပြောနေမိတာလဲ၊ ဪ ဖွားမြတ်ကို ကတိပေးထားလို့နေမှာ၊ ပြီးတော့ သူကအခု ကိုယ့်အိမ်ကဧည့်သည်လေ ဟုတ်တယ်မလား အဲ့ဒါကြောင့်ဂရုစိုက်နေမိတာပါ ဟုတ်တယ်...တစ်ယောက်တည်း အတွေးတွေနဲ့ဗျာများနေရသော အမောင်Vitamin...
"အာ..တိတ် တိတ်တော့နော် ကိုယ်အလုပ်အားရင် လိုက်ပို့ပေးမယ်လေ မငိုနဲ့တော့နော်"
သူလည်းတတ်သလောက်မတ်မလောက် ချော့ကြည့်လိုက်တော့ ချာတိတ်က ငိုရင်းတန်းလန်း ငိုသံကြီးနဲ့
"ကိုကိုအခုဘာလို့ ရှိုင်းအပေါ်စကားကောင်းပြောနေတာလဲ ဟင့် ..၊ ရှိုင်းကိုမမုန်းတော့ဘူးလား ဟင့်..."
ဪ ကိုယ်က အေး"ဆေး"သီးသန့်နေတတ်လို့ လာကပ်တတ်တဲ့ချာတိတ်ကြောင့် မနေတတ်တာနဲ့ ခပ်ကင်းကင်းနဲ့ ခပ်ပြတ်ပြတ်ပြောမိတာကို သူ့ကိုမုန်းနေတယ်လို့ ထင်လိုက်မိတာပေါ့လေ
"ဒီမှာ ချာတိတ် ကိုယ်ပြောတာ သေချာနားထောင်၊ ချာတိတ်ကို ကိုယ်က ဘယ်တုန်းကမှမမုန်းခဲ့ဘူးဆိုတာသိလား၊ တစ်ယောက်တည်းနေတတ်တာမို့ အနားလာကပ်တဲ့ချာတိတ်ကြောင့် စိတ်ရှုပ်ပြီးစကားလုံးကြမ်းတွေပြောခဲ့မိရင် ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်တို့က အတူနေရမှာ တစ်ရက်နှစ်ရက်လည်းမဟုတ်ဘူး တစ်နှစ်ပတ်လုံး အတူနေသွားရမယ့်သူတွေမို့ သင့်မြတ်နေမှအဆင်ပြေမယ်၊ အမြဲစကားများနေရင် လူကြီးတွေပဲ စိတ်ဆင်းရဲရမှာ အဲ့ဒါကြောင့် ကိုယ့်ဘက်က လျှော့နိုင်သလောက်လျှော့ပေးမယ်၊ ချာတိတ်ကလည်း ကိုယ်နဲ့အဆင်ပြေအောင်နေ လိုတာရှိရင်ပြော ဟုတ်ပြီလား"
ဘုရား ဘုရား ငါ့အရှေ့မှာရှိနေတာ ကိုကိုမှဟုတ်ရဲ့လား၊ ဒီလောက်စကားအရှည်ကြီးပြောတာ ဒီတစ်ခါပဲရှိသေးတယ်၊ ငိုနေတာတောင် ဘယ်ရောက်သွားလဲမသိတော့ဘူး၊ အဆင်ပြေဖို့ကြိုးစားကြည့်တာလည်းမဆိုးပါဘူး ရန်ဖြစ်နေရတာ ပင်ပန်းလှပြီ၊
"ဟုတ်ကဲ့ကိုကို ရှိုင်းလည်း အရင်က ကိုကို့ကိုပြောခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်နော်၊ ရှိုင်းက တစ်ဦးတည်းသောသားမို့ ကိုကို့ကိုတွေ့တော့ ပျော်ပြီးအတင်းလိုက်ကပ်မိခဲ့တယ်ထင်ပါရဲ့၊ ကိုကို့အတွက် စိတ်အနှောက်အယှက်ဖြစ်ခဲ့တာ မသိခဲ့ရတာတကယ်ပါ၊ ၊ ရှိုင်းတို့အဆင်ပြေသွားတာသိရင် ဖွားဖွားတို့ပျော်ကြမှာနော်ကိုကို ဟီး"
သွားတန်းတွေပေါ်အောင် ပြုံးပြနေတဲ့ချာတိတ်ကြောင့် ကိုယ်ပါလိုက်ပြုံးလိုက်မိသည်၊ ဒီညတော့ အိပ်မက်တွေလှပြီထင်ပါရဲ့....
ချစ်လို့ နောက်တစ်ပိုင်းထပ်upလိုက်ပြီနော်...
နဲနဲတော့တိုသွားတယ် ဒီအပိုင်းအတွက်က ဒီမှာပဲရပ်မှအဆင်ပြေမှာမို့ပါ.. 🫶
အချိန်ရရင် ဒီည part 4 ရေးပေးပါ့မယ်... 💜
၂ယောက်သား အဆင်ပြေသွားပြီနော်... 🥰Part - 2
https://m.facebook.com/story.php?story_fbid=122114773856189360&id=61555680823340&mibextid=2JQ9ocVita Min
Zaw Shine Htet
#Vitashine
YOU ARE READING
☀️Love = အချစ်🌻 (Completed)
Romance☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာတယ်လို့ထင်နေတာလား၊ငါကလည်းမင်းကိုမယူချင်ပါဘူး .. (Vitamin) ဘ...