☀️Love=အချစ်🌻
Part -10 💜'ရှိုင်း ရင်ဘတ်တွေပြန်အောင့်နေပြီထင်တယ်၊
မဖြစ်တာတောင်တော်တော်ကြာပြီ၊ အသက်ရှူမဝလိုက်တာ၊ မျက်လုံးတွေလည်း ပြာဝေနေပြီ၊
လမ်းကိုတောင်သေချာမမြင်ရတော့ဘူး၊ ဒါပေမယ့် ဒီဝေဒနာတွေက ကိုကို့စကားလုံးတွေလောက်မနာကျင်ပါဘူး၊
ကျွန်တော်တို့နှစ်ယောက်က အရင်လို ရန်ဖြစ်နေကြတာကမှ အခုထက်စာရင် တော်ဦးမယ်၊
အခုတော့.........'"ချာတိတ်!!"
'ဪ ငါ့နှယ် စွဲလန်းမိလိုက်ပုံများ ထွက်သွားခိုင်းတဲ့သူရဲ့အသံကို ကြားနေပြန်ပါပြီ၊ မင်းအရူးပဲ စိတ်ထိန်းစမ်း'
မျက်ရည်လေးတွေဖိသုတ်ကာ အိမ်ပြန်ဖို့ ကားငှားရန် လမ်းအကူး စူးအောင့်လာတဲ့ရင်ဘတ်ကြောင့် ရှေ့ဆက်မတိုးနိုင်ခင် အရှိန်ပြင်းတဲ့ကားတစ်စီးဟာ ကိုယ့်ဆီတည့်တည့်ဝင်လာသည်၊ကျွန်တော့်ဘဝကြီး ပြီးဆုံးပြီထင်တယ် ကိုကို....;
ကျွီ...ဒုန်း:::::::::::::::
"ချာတိတ်!!"
လူက ကားနဲ့တိုက်မိပြီး အောက်သို့ပြန်ပြုတ်အကျမှာ ကိုကို့ကို လှမ်းတွေ့လိုက်ရသည်၊
ကိုကို ရှိုင်းက ကတိတည်တယ်နော်၊ အခုဆိုရှိုင်းကို ကိုကိုဘယ်တော့မှ မြင်ရမှာမဟုတ်တော့ဘူး၊ ဘယ်လောက်တောင် ကောင်းလိုက်သလဲ....'ချာတိတ်အနောက်ကို လိုက်လာရင်း တစ်ဖက်လမ်းကိုကူးဖို့ပြင်နေတဲ့ချာတိတ်ကြောင့် လှမ်းခေါ်တော့လည်း လှည့်မကြည့်လာဘူး၊
ကိုယ့်ကို အရမ်းမုန်းသွားပြီလားကွာ ၊ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က မရမကပြန်ခေါ်ရမှာပဲ၊
ပြီးရင် ဘယ်မှထွက်မသွားတော့အောင် ကိုယ့်ရင်ခွင်ထဲမှာ အမြဲထား,ထားတော့မှာ'အတွေးတို့နဲ့အတူပြုံးလိုက်မိသည်၊ ဒါပေမယ့်အဲ့ဒီအပြုံးက စက္ကန့်မျှသာ၊
'ဒုန်း'ဆိုတဲ့ ကျယ်လောင်တဲ့အသံနဲ့အတူ လေပေါ်မြောက်သွားသော ခန္ဓာငယ်တစ်ခုက မျက်စိရှေ့မှာ မျက်ဝါးထင်ထင်တွေ့လိုက်ရသည်မှာ ကျွန်တော့်ကမ္ဘာကြီး ရပ်တန့်သွားသလို အသက်ရှူဖို့ပင် မေ့ပျောက်သွားရသည်"ချာတိတ်!!အားတင်းထားနော် ကိုယ်ဆေးရုံပို့ပေးမယ်၊ ကိုယ့်ကိုမနောက်ပါနဲ့ကွာ၊
ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကိုမထားခဲ့ပါနဲ့၊ ကိုယ်ရူးသွားလိမ့်မယ်ကွ"ကိုကို တကယ်ပဲကိုကိုကိုး ၊ မငိုပါနဲ့ကိုကိုရယ်
ရှိုင်းက ချစ်ရသူမို့ ကိုကိုငိုတာမြင်ရင် ရင်နာရပါတယ်၊ ရှိုင်းမရှိလည်းပျော်အောင်နေပါနော်"ချစ်တယ် ကိုကို"
သွေးတွေပေနေတဲ့လက်လေးနဲ့ ကျွန်တော့်ပါးကို လှမ်းကိုင်ကာ ပြုံးပြပြီး ပြောတဲ့စကားက ချစ်တယ်ကိုကိုတဲ့လေ ၊
ပြောပြီးတာနဲ့ လက်ကလေးဟာ မြေပြင်ပေါ်သို့ ဘုတ်ခနဲပြုတ်ကျသွားလေသည်"ချာတိတ် ထပါဦး၊
ကိုယ်လည်း ချာတိတ်ကို ချစ်တယ်လေ ထပါဦးကွာ ဟင့်..၊
ကိုယ်တောင်းပန်ပါတယ် ဟာကွာ ငါ့ကြောင့် ....အရာအားလုံးဟာငါ့ကြောင့်ပဲ၊
ကိုယ်က မင်းအချစ်နဲ့တောင်မထိုက်တန်တဲ့ကောင်ပါကွာ.."ဟာ ..Boss ,လုပ်ကြပါဦး ဆေးရုံကားခေါ်ပေးကြပါဦး"
အကိုလေးကို ဖက်ငိုရင်း Bossခမျာ မေ့မြောသွားရသည်
ကံကြမ္မာကြီးရယ် ရက်စက်လိုက်တာ ငွေကြေးပြည့်စုံပြန်တော့လည်း အချစ်ရေးမှာ လိုအပ်ချက်တွေရှိနေပြန်ပါရောလား.............
သူတို့နှစ်ဦးကို ကံကြမ္မာက ပြန်လည်တွေ့ဆုံခွင့် ပေးပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်
Vita Min
Zaw Shine Htet
#Vitashine
![](https://img.wattpad.com/cover/361876682-288-k521993.jpg)
YOU ARE READING
☀️Love = အချစ်🌻 (Completed)
Romance☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာတယ်လို့ထင်နေတာလား၊ငါကလည်းမင်းကိုမယူချင်ပါဘူး .. (Vitamin) ဘ...