☀️ Part 5🌻(Unicode)

1.7K 74 0
                                    

☀️Love = အချစ်🌻

"ဖွားဖွား ဘာတွေပြောနေတာလဲ..ဘယ်သူတွေကိုပေးစားမယ်ပြောနေတာလဲ"

ရှိုင်း အဝတ်လဲပြီး အိမ်ပေါ်က ဆင်းလာနေတုန်း ဖွားဖွားပြောလိုက်တဲ့စကားကြောင့် လန့်သွားရတာတော့အမှန်...

"ဟဲ့ ..ဖွားပြောတာမှားလို့လား၊
မင်လေး မှတ်မိသေးလား ဟိုးငယ်ငယ်တုန်းကလေ အွန်း...ရှိုင်းလေး ၃တန်းနှစ်လောက်က ပြောရမလားပဲ၊
လူကြီးတွေ စကားပြောကြရင်း မြေးတွေအကြောင်းရောက်သွားတော့ မွေးထားလိုက်ကြတာ သားတွေပဲမို့ ဒုက္ခပါပဲလို့ မြတ်က ညည်းနေတော့ ဖွားက သားတွေပဲလည်း ဘာဖြစ်လဲ မမမေကတော့ ကြီးလာရင် သူတို့နှစ်‌ယောက်ကို ပေးစားမှာပဲလို့ပြောလိုက်လို့
ရှိုင်းအော်ငိုတာလေ...."

ကျွန်တော်မှတ်မိပါသေးတယ်၊
အဲ့တုန်းက ကျွန်တော် ၈တန်း နွေရာသီကျောင်းပိတ်ရက်မို့ ဖွားဖွားနဲ့ ဖွားမြတ်တို့ဆီ သွားလည်ကြတုန်းကဖြစ်သည်၊

ဖွားဖွား အဲ့လိုလည်းပြောလိုက်ရော ချာတိတ်က

"အီးဟီး...သားကကိုကို့ကို တကယ်ယူရမှာ ၊ မယူချင်ဘူး " ဆိုပြီး တဗြဲ‌ဗြဲနဲ့ငိုတော့တာပဲ၊

သူက ကလေးပဲရှိသေးတာကို ကိုယ့်လိုလူကို မယူချင်လို့ ငိုတယ်ဆိုတော့ စိတ်အချဉ်ပေါက်ပြီး

"အောင်မာ မင်းကများ ငါ့ကိုယူရမှာ နာတယ်ထင်နေတာလား၊ ငါကလည်း မင်းကိုမယူချင်ပါဘူး" လို့ ပြန်အော်တော့မှ အငိုတိတ်လေတော့သည်

"ဟုတ်ကဲ့ ကျွန်တော်မှတ်မိပါတယ်၊ အဲ့တုန်းက ချာတိတ်က ငဂျစ်လေးနော်"

"ဟား ဟား..ဟုတ်ပါ့၊
ချစ်စရာလည်း အရမ်းကောင်းတာ အကောင်ပေါက်က ပါးလေးတွေကို ဖောင်းလို့၊

မင်လေးလည်း ကလေးကိုကြည့်ပြီး အသည်းယားနေတာကို ဖွားဖွားသိသားပဲ၊ မင်လေးက ကိုယ့်ပုံစံနဲ့ကိုယ်နေလို့သာ ဖွားက ဘာမှမပြောခဲ့တာ၊
ရှိုင်းလေးအပေါ် သံယောဇဉ်တော့ရှိတယ်မလား.."

ဖွားဖွားက ဘေးကျပ်နံကျပ်မေးလေပြီ၊
ချာတိတ်ကို စတွေ့ခါစက စိတ်ရှုပ်ပေမယ့် နောက်ပိုင်းတွေ့ရပါများလာတော့ အရမ်းချစ်ဖို့ကောင်းတဲ့ ပါးဖောင်းလေးကို မချစ်ပဲ ဘယ်နေနိုင်မလဲ၊
ဒါပေမယ့် ကိုယ်ချစ်တာကို ထုတ်မပြတတ်တာ အကျင့်လိုဖြစ်နေတော့ သူ့အရှေ့ဆို ဘုနဲ့ဘောက်သာပြောမိနေသည်၊

☀️Love = အချစ်🌻 (Completed) Where stories live. Discover now