Love =အချစ်
"ဖွားမေရေ သားလာလည်တယ်"
အိမ်ရှေ့ကအသံဆာဆာလေးကြောင့် ထွက်ကြည့်မိတော့..."ဟယ် မြေးလေးရှိုင်း ဘယ်လိုကနေဘယ်လို..."
"ဒီလိုပဲ မမမေရေ မြေးလေးပေါ့ ရန်ကုန်သွားချင်တယ်ပဲပြောနေလို့ သူကျောင်းပိတ်တုန်းလေးလိုက်ပို့တာလေ"
"ဟုတ်လား လာပါဦး ဖွားမြေးလေး၊ အမလေး မတွေ့ရတာ တစ်နှစ်လောက်ဖြစ်တော့ ငါ့မြေးလေးက လူပျိုကြီးဖြစ်လာပါ့လား၊အရပ်တွေလည်းရှည်လို့"
"ဟီး ဟုတ်ကဲ့ဖွားမေ သားကကိုကို့ကိုမှီအောင်လို့ နွားနို့တွေအများကြီးသောက်ထားတာ"
ပြုံးရွှင်ကာ ကလေးတစ်ယောက်သဖွယ်ပြောနေသော ရှိုင်းလေးကြောင့် ဒီအဖွားကြီးမှာ အချစ်ပိုရပြန်ပါသည်၊ အိမ်ကမြေးကတော့ အခုလိုချွဲဖို့နေသာသာ သူ့အလုပ်နဲ့သူကိုရှုပ်နေရော..."ဒါနဲ့မြတ်ရေ ရှိုင်းလေးကနောက်နှစ်ဆို တက္ကသိုလ်တက်မှာမလား"
"ဟုတ်တယ် မမမေရေ လာရင်းကိစ္စက အဲ့ဒါကြောင့်လည်းပါတယ်၊မြေးကို ရန်ကုန်မှာပဲ တက်ခိုင်းမလို့ သူကလည်း အခြားသင်တန်းလေးတွေတက်ချင်သေးတယ်ဆိုတော့ ရွာမှာက ဆယ်တန်းအထိပဲရှိတာလေ၊ အဲ့ဒါမမမေ မြေးအတွက် ဒီမှာကျောင်းတက်ဖို့နဲ့ နေဖို့အဆောင်ပါတာလေး ရှာပေးလို့ရမလားလို့ အကူအညီလေးတောင်းချင်လို့ပါ"
"အိုး....ဘာအဆောင်လဲ၊ ဒီမှာနေလို့ရတာကို ၊ မြေးလေး ဖွားမေဆီမှာပဲနေရမယ်နော်၊မဟုတ်ရင် ဖွားက စိတ်ဆိုးမှာ"
မျက်စောင်းလေးခဲကာ ပြောရှာတဲ့ ဖွားမေက အခုအသက်အရွယ်အထိ လှတုန်း၊ ဖွားဖွားနဲ့ ဖွားမေက အရမ်းချစ်ကြတဲ့ငယ်သူငယ်ချင်းတွေ၊ ဖွားမေက ပိတ်ရက်တွေဆို ရွာကိုအမြဲလာလည်နေကြ၊ ကိုယ့်အဖွားအရင်းလိုကိုဖြစ်နေပြီ..."မမမေကိုအားနာလို့ပါ၊ မြေးလေးက ဂျစ်ကန်ကန်နဲ့ ပြန်လည်းပြော နားလည်းမထောင်လေးဆိုတော့ မမမေစိတ်ရှုပ်မှာစိုးလို့ပါ"
"ဟာ..ဖွားဖွားနော် ရှိုင်းက ဘယ်မှာဆိုးလို့လဲ၊ဖွားမေ ဖွားဖွားကိုဆူပေးဦး ရှိုင်းကိုဆိုးတယ်တဲ့"
YOU ARE READING
☀️Love = အချစ်🌻 (Completed)
Roman d'amour☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာတယ်လို့ထင်နေတာလား၊ငါကလည်းမင်းကိုမယူချင်ပါဘူး .. (Vitamin) ဘ...