ကန်ဘောင်မှ လေအေးအေးတွေက သူ့ရင်ထဲက အပူမီးတွေကို ငြိမ်းအေးအောင် တိုက်ခတ်နိုင်ပါ့မလား.....
ပျော်တဲ့သူတွေ ပျော်နေတဲ့အချိန်မှာ တစ်ယောက်တည်း ငိုကြွေးနေရတဲ့ သူ့ကိုရော ဘယ်သူမြင်နိုင်မှာလဲ......
သူ့ကို စိတ်ဓာတ်မာကြောလှပါပြီလို့ ထင်နေတဲ့သူတွေကရော သူ့ရဲ့ အားငယ်,အထီးကျန်ရမှုတွေကို သိနိုင်ပါ့မလား....
မသိဘူး..မသိကြဘူး သူ့ကိုဘယ်သူမှ နားလည်ပေးနိုင်ကြမှာမဟုတ်ဘူး...အတိတ်အချိန်တစ်ခါကတော့ မှောင်မိုက်နေတဲ့သူ့ဘဝကြီးမှာ အလင်းတန်းလေးတစ်ခုကို တွေ့ရှိခဲ့ဖူးပါသည်....
အတိတ်ကာလတစ်ခုဆီသို့...⚛⚛⚛⚛
....................
ကျောင်းဆိုတာကလည်း အဖော်မရှိတဲ့သူ့အတွက် ပျော်စရာမရှိပါ...
ဆယ်တန်းကျောင်းသားဘဝက အချို့သူတွေအတွက်က အပေါင်းအဖော်များစွာဖြင့် ပျော်စရာတွေနဲ့ အမှတ်တရပေါင်းများစွာ ဖြစ်တည်စေရာကာလပါ....
သူ့အတွက်ကတော့ အိမ်နဲ့စာသာ အဖော်လုပ်ခဲ့ရပါသည်....ဒါပေမယ့် ကျောင်းဖွင့်ပြီးတစ်ပတ်အကြာမှာ
သူ့အတွက် အလင်းရောင်လေးကို တွေ့ရှိခဲ့ရပါသည်..
ဆရာမနဲ့အတူ ဝင်လာသောကောင်လေးတစ်ယောက်,ပုံစံကိုက ဂျစ်ကန်ကန်ပုံ တစ်တန်းလုံးဝေ့ကြည့်လိုက်တော့ မိန်းကလေးတွေဆီမှ အသံပေါင်းစုံပွစိပွစိနဲ့ထွက်လာတော့သည်,"ဟဲ့ရေ.. အဆင်လေးဟ"(girl-1)
"အေး...မိမိုက်နေတာကိုလည်းမေးပေးဦး..."
(girl 2)"Bad boy typeလေးနဲ့...ချောချက်က လန်ထွက်နေရော...."(girl 3)
"အားးး မရတော့ဘူး fall in loveသွားပြီ..."
(girl-4)တစ်ယောက်တစ်ပေါက်အသံတွေကြောင့် ဆရာမက စားပွဲကိုရိုက်လိုက်မှသာ တိတ်သွားကြသည်....
"ဒါက အခုမှအသစ်ပြောင်းလာတဲ့ ကျောင်းသားပါ...
သား နာမည်မိတ်ဆက်လိုက်ပါဦး""ဟုတ်ကဲ့...
Vitaminပါ အဆင်ပြေသလိုခေါ်နိုင်ပါတယ်"'Vitaminတဲ့...
နာမည်ရော လူရော မိမိုက်နေတဲ့ကောင်ချောလေးက စတွေ့ကတည်းက ကျွန်တော့်နှလုံးသားကို ကိုင်လှုပ်နိုင်စွမ်းရှိခဲ့သည်
YOU ARE READING
☀️Love = အချစ်🌻 (Completed)
Romance☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာတယ်လို့ထင်နေတာလား၊ငါကလည်းမင်းကိုမယူချင်ပါဘူး .. (Vitamin) ဘ...