☀️ Part 11🌻(Unicode)

1.7K 56 5
                                    

ဆေးရုံထဲမှာ ဟိုပြေးလိုက်၊ဒီပြေးလိုက်နဲ့ ဗျာ‌များနေသူက ခွန်းစက်ပင်....

အကိုလေးက အရေးပေါ်ခန်းထဲမှာ အသက်လုနေရသလို၊ Bossကလည်း အခုထိ သတိပြန်မလည်လာသေးဘူး...

-------

"အား...ခေါင်းတွေမူးလိုက်တာ"
ခေါင်းကိုဖိနှိပ်ပြီး ညည်းတွားကာ သတိပြန်ရလာသော Boss...

"Boss သတိရလာပြီလား"

ဟင် ငါအခုဘယ်ရောက်နေတာလဲ၊ ချာတိတ် ချာတိတ်ရော...

"ချာတိတ်ရော ချာတိတ်ဘယ်မှာလဲ ခွန်းစက် ငါ့ကိုပြောပါ ချာတိတ်ရောလို့..."

"ဟို..အကိုလေးက ရှိပါတယ် ဒါပေမယ့်..."
ကျွန်တော်ဘယ်လိုဆက်ပြောရမှာလဲ Bossရာ..

"ပြောလေ.!!"

"အကိုလေး အသက်ကိုကယ်လိုက်နိုင်ပေမယ့် ထိခိုက်ဒဏ်ရာကပြင်းလွန်းလို့ အခုထိသတိမရသေးပါဘူး၊ ဒီနေ့ညမှ သတိပြန်မလည်လာဘူးဆိုရင် ကိုမာဝင်သွားနိုင်ပါတယ်တဲ့"

ခွန်းစက်ပြောပြမှုကြောင့် ချာတိတ်အခြေအနေသိရတော့ နည်းနည်းတော့ စိတ်သက်သာရာ ရသွားရသည်၊ ကိုယ့်ဆီပြန်လာပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ၊ ချာတိတ်သာ တစ်ခုခုဖြစ်သွားရင် က်ုယ်ရူးမှာ သေချာတယ်

"ငါ ချာတိတ်ကိုတွေ့ချင်တယ် လိုက်ပို့ပေးပါ"

"ဟုတ်ကဲ့"

______________

ချာတိတ်ရှိနေတဲ့အခန်းဆီရောက်တော့ ကုတင်ပေါ်မှာဆေးပိုက်ပေါင်းစုံနဲ့ ဒဏ်ရာအချို့ကြောင့် ကျွန်တော့်ရင်ထဲမှာ နင့်နေအောင်ကြေကွဲရသည်၊ကြည့်နေရင်း မျက်ရည်မိုးတွေစွေလာတော့သည်....

"ချာတိတ် ကိုယ့်ဆီပြန်လာမှာမလားဟင်၊
ကိုယ်စောင့်နေမယ်နော်၊ ကိုယ်လည်း ချာတိတ်ကိုအရမ်းချစ်တယ်ဆိုတာ ပြောပြရဦးမယ်လေ၊ အခုပြန်သတိရလာရင် ချာတိတ်ကို ကိုယ်ကပိုချစ်ပေးပါ့မယ်၊အမြဲတမ်း မျက်နှာတစ်ချက်မညှိုးရအောင်၊ သတိရပါတော့ကွာ အီးဟီးး၊ ကိုယ့်မှာ ညအထိမျှော်လင့်ချက်ရှိသေးတယ်ဆိုတော့ ကိုယ်စောင့်နေမှာနော် ဒီနားကနေ ဘယ်မှမသွားဘူး၊ သတိရလာပေးနော်💜💜"

☀️Love = အချစ်🌻 (Completed) Where stories live. Discover now