📖 Part 6 📖 (Zawgyi)

180 6 0
                                    

Love=အချစ်

"ဟို..ကိုကို ရှိုင်းကိုလွှတ်ပေးပါဦး..."

ချာတိတ်အသံကြားမှပဲ လက်ရှိကာလကို ပြန်ရောက်လာတော့သည်၊ ချာတိတ်ကိုကြည့်လိုက်တော့လည်း မျက်နှာက ခရမ်းချဉ်သီးလို ရဲတွတ်နေသည်မှာ မွေးကင်းစကလေးနှယ်...

"ဟဲ့ ..ရှိုင်းလေးဘာဖြစ်လို့ ဖွားမေအော်သံကြားလိုက်လို့ အဆင်ပြေ..ပြေ အဟိ ဆက်ဖက်ကြနော် ဖွားမေအထဲပြန်ဝင်လိုက်မယ်"

"မဟုတ်ဘူးလေ ဖွားမေ၊ ဟာ..တွေ့လား ကိုကို့ကို လွှတ်ပါတော့လို့ပြောနေတာကို လွှတ်မှမလွှတ်ပေးတာ အခုတော့ ဖွားမေက အထင်လွဲသွားပြီထင်တယ်၊ ရှိုင်း လိုက်ရှင်းပြလိုက်ဦးမယ်..."

ဖွားမေက လိုရာဆွဲတွေးပြီး ပြုံးစိစိနဲ့ထွက်သွားပေမယ့် ကိုယ့်မှာတော့ ဘယ်လိုနေရမှန်းကိုမသိတော့ဘူး၊ ဒီနေ့မှ ကိုကို့အကြည့်ကလည်း တစ်မျိုးပဲ၊ မဟုတ်မှ ကိုကိုက ငါ့ကိုများကြိုက်နေတာလား၊ ဟာ..မဟုတ်လောက်ပါဘူး ပေါက်ကရတွေလျှောက်တွေးနေပြန်ပြီ ငရှိုင်းရယ်၊ ကိုကို့လို အရာရာထူးချွန်ပြီး ပြီးပြည့်စုံနေတဲ့သူက ငါ့ကိုကြိုက်ပါ့မလား၊ တော်ပြီ တော်ပြီ လျှောက်မတွေးနဲ့တော့..

ကျွန်တော့်အရှေ့မှာ တစ်ယောက်တည်း ဘာတွေတွေးနေလဲမသိပါဘူး၊ ခေါင်းညိမ့်လိုက် ခေါင်းခါလိုက်နဲ့ မျက်ခုံးလေးတွေပါ ကြုံ့ပြီး စဉ်းစားနေပုံလေးက အသည်းယားစရာကောင်းလွန်းလှပေသည်၊ မဖြစ်ပါဘူး ဖွားဖွားပြောတဲ့ကိစ္စကို အခုထဲက ပြောပြထားမှပါ၊ ဖွားဖွား ရုတ်တရက်ထပြောရင် လန့်သွားလိမ့်မယ်...

"ချာတိတ် ကိုယ်နဲ့စကားပြောရအောင် အချိန်လေး ခဏလောက်ပေးလို့ရမလား"

"ဗျာ..ဟုတ်..ဟုတ်ကဲ့ "

သဘောလည်းတူပြီးရော ဆက်ကနဲလက်ကောက်ဝတ်ကနေ ဆွဲသွားလေသည်

............

"ချာတိတ်..."

"ဟုတ် ပြောပါကိုကို၊ ရှိုင်းကို ဘာဖြစ်လို့ဒီကိုခေါ်လာတာလဲ"

ဒီနေရာလေးက အိမ်နဲ့ သိပ်မနီးမဝေးလေးမှာ တည်ရှိသည်၊ လမ်းဘေးတစ်လျှောက် ကုက္ကိုပင်ကြီးတွေရှိပြီး ဒီတစ်ပင်မှာတော့ ထိုင်စရာခုံလေးတစ်ခုပါ ရှိလေသည်၊ တိုက်ခတ်တဲ့လေနုလေးတွေကလည်း ရင်ထဲကို အေးမြသွားစေသည်၊

☀️Love = အချစ်🌻 (Completed) Where stories live. Discover now