ရှိုင်းလေးဆေးရုံတက်နေစဉ်အတွင်း Bossက အနားမှမခွာတာမို့ ဆေးရုံကိစ္စအဝဝကို ခွန်းစက်ပင်ဒိုင်ခံလိုက်လုပ်ရသည်...
ဆေးရုံက nurseတွေနဲ့တောင် ခင်နေလေပြီ..
အဓိက ခင်သွားမိတာတော့ ရှိုင်းလေးကိုကုပေးတဲ့ ဒေါက်တာလေး ရှင်းလရောင်ဖြစ်သည်၊ အသားလေးဖြူကာ ခန္ဓာသွယ်သွယ်နဲ့ဒေါက်တာလှလှလေးက ခွန်းစက် ရင်ကို ကိုင်လှုပ်နိုင်စွမ်းရှိလေသည်၊Bossနဲ့ရှိုင်းလေးအပြင် သူစောင့်ရှောက်ပေးချင်သောနောက်တစ်ဦးဖြစ်သည်...
ရှိုင်းလေး ဆေးရုံကဆင်းသွားသည့်တိုင်ဒေါက်တာ့နောက် ဇွဲမလျှော့တမ်း တကောက်ကောက်လိုက်ကာ အဖြေတောင်းခဲ့သည်၊ Bossလည်းတစ်ဖက်တစ်လမ်းက ကူညီခဲ့ပါသည်၊ တစ်နှစ်တိတိလိုက်ခဲ့ပေမယ့် အမူလွန်နေသောဒေါက်တာလေးကြောင့် စိတ်မရှည်တတ်သောBossက ကားတင်ပြေးကွာဆိုပြီး ပြင်ဦးလွင်က သူ့ခြံကြီးကိုခိုးပြေးခိုင်းလေရော၊ အဲ့ဒါနဲ့ပဲ ကျွန်တော်နဲ့ဒေါက်တာလေး ညားလေသည်ပေါ့..မဂ်လာပွဲကိုလည်း အကုန်Bossစီစဉ်ပေးသည်၊လက်ဖွဲ့အနေနဲ့ ကားတစ်စီး၊ အိမ်တစ်လုံးနဲ့ ကုမ္ပဏီတစ်ခုပေးစဉ်က ဝမ်းသာလွန်း၍ ငိုခဲ့ရသေးသည်၊ အလုပ်ကတော့ Bossဆီမှာသာလုပ်ချင်သည်ဟုဆိုသောကြောင့် လရောင်အဆင်ပြေအောင် ဆေးရုံတစ်ခုဆောက်လုပ်ပေးလေသည်၊ ဆေးရုံကCEOနေရာမှာ မနေချင်ဘူးဆိုသော လရောင်လေးကဆိုသောကြောင့် သူပဲ ဆေးရုံသို့တစ်လှည့် Bossဆီသို့တစ်လှည့် တာဝန်ယူရလေသည်၊
လက်ထပ်ပြီး1နှစ်အကြာမှာ Bossရဲ့ကလေးအမွှာလေးတွေကိုကြည့်ပြီး ကလေးလိုချင်ပသည်ဆိုသောကြောင့် ဂေဟာမှ ချသ်ဖို့ကောင်းတဲ့သားလေး 'ရှင်းစက်ကို မွေးစားခဲ့လေသည်၊ တစ်နှစ်အရွယ်သားလေးက လရောင်လေးနဲ့တူစွာ ဖြူဖြူလေး၊မျက်ခုံးကတော့ကျွန်တော်နဲ့တူလို့နေမှာ မဲနက်နေရော၊ ခုခေတ်မှာ ရှိုင်းလေးလို ကိုယ့်ဝမ်းနဲ့ လွယ်မွေးလို့ရပေမယ့် ရှိုင်းလေးကလေးမွေးစဉ်အခါက ကြုံခဲ့ရသည့်အခက်အခဲတွေကို ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့မို့ ရှင်းစက်လေးကိုသာ မွေးစားဖို့ လုပ်လိုက်ရခြင်းသာ...
...............
"ရှင်းလေးရေ ကိုကိုလာပြီ."
ဒီနေ့က ရှင်းလေးရဲ့ ၄နှစ်ပြည့်မွေးနေ့လေးမို့ မိသားစုနှစ်စု ဆုံကြခြင်းဖြစ်သည်၊

YOU ARE READING
☀️Love = အချစ်🌻 (Completed)
Lãng mạn☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာတယ်လို့ထင်နေတာလား၊ငါကလည်းမင်းကိုမယူချင်ပါဘူး .. (Vitamin) ဘ...