ကျယ်ဝန်းခန့်ညားတဲ့ ဝမ်အိမ်တော်ရဲ့ ဧည့်ခန်းတစ်နေရာတွင်
ဝမ်သခင်လေးရဲ့ အလိုမကျသံများ ဆူညံံလို့နေပေသည်။"မရဘူးကော !!! ကောပဲပြောတော့
တသက်လုံးကျွန်တော့်ဘေးမှာပဲနေပေးမှာဆို
အခုကျဘာလို့ဂတိဖျက်ရတာလဲ""ရိပေါ်...ဘာလို့စကားပြောရတာအဲ့လောက်ကပ်နေတာလဲ
မင်းနဲ့ငါက တစ်သက်လုံးအတူနေလိူ့မှမရတာ
မင်းလဲတစ်နေ့နေ့တစ်ချိန်ချိန်ကျ လက်ထပ်ရမဲ့သူရှိလာမှာပဲ
ငါလဲအခု မေလင်းနဲ့လက်ထပ်ချင််တယ်
ငါနဲ့မေလင်းက ချစ်သူတွေဖြစ်နေကြပြီလေ""ဘာပဲဖြစ်ဖြစ် ကောဂတိပေးခဲ့တာပဲလေ"
"ကလေးဘဝတုန်းကပေးခဲ့တာတွေကို
အခုထိ စွဲလန်းနေတုန်းလား...""မသိဘူး!!! ဘာပဲဖြစ်ဖြစ်မရဘူး
ကျွန်တော်သဘောမတူဘူး!!!! ကောလဲ လက်မထပ်ရဘူး!!!
ကျွန်တော်လဲလက်မထပ်ဘူး...
ကျွန်တော်မသိအောင်ခိုးလုပ်မယ်မကြံနဲ့
အဲ့လပ်ထပ်ပွဲကို ကျွန်တော်ကိုယ်တိုင်ဖျက်မှာ...""ရိပေါ်...!!!ကျစ်...ဟင်းးး"
ဝမ်ရိပေါ်ကတော့ ရှောင်ကျန့်ရဲ့စကားကိုနားမထောင်စွာပဲ
ဆိုင်ကယ်ကိုခပ်ကြမ်းကြမ်းမောင်း၍ အိမ်တော်ထဲက ထွက်သွားလေသည်။"သားရှောင်..."
ရှောင်ကျန့်စိတ်ညစ်နေတုန်းမှာပဲ ဝမ်ပါးရဲ့ခေါ်သံကြားတာကြောင့်
ဧည့်ခန်းပေါက်ဝကနေ အပေါ်ထပ်လှေခါးရင်းကို မော့ကြည့်မိသည်။"ပါး...ရိပေါ်က..."
ဝမ်သခင်ကြီးက လက်ကာပြရင်း
"ပါးကြားတယ် ပါးအားလုံးကြားပါတယ်"
"ဟင်းးးးမေလင်းကလဲ သူ့မိဘတွေက
ရည်းစားဖြစ်တာနှစ်ကြာနေပြီမို့
လက်ထပ်စေချင်နေကြပြီတဲ့ ""အင်းးးလောလောဆယ်တော့ ဝမ်လေးအခြေအနေက သားရှောင်မြင်တဲ့အတိုင်းပဲ ဘယ်လိုမှဖြောင့်ဖျလိူ့ရမှာမဟုတ်ဘူး"
"အဲ့တာပြောတာပေါ့ သူကဘာလို့သဘောမတူ
မကြည်ဖြူဖြစ်နေရတာလဲ
မေလင်းက ကောင်းတဲ့မိန်းကလေးပါ
သားနဲ့လဲသင့်တော်တယ်လို့မြင်တယ်
ပြီးတော့ သားအပေါ်လဲ နားလည်မှု့အပြည့်ပေးတယ်
သူရောသားရောက ဆရာဝန်တွေကြည့်ပဲလေ
ဘာများသဘောမတူစရာရှိနေလိူ့လဲ"