ရှောင်ကျန့်ရဲ့အိမ်အပြန်လမ်းတွေက ယခင် နေ့တွေကလို
ဆိုးသွင်းလွန်းတဲ့ကောင်ငယ်လေးမပါခဲ့တော့
သူ့ကို ကောလို့ တလေးတစားခေါ်ပြီး သူ့လက်ချောင်းတွေကို
လက်သေးသေးလေးတွေနဲ့ ဖမ်းစွဲထားတဲ့ ကောင်လေး
ထိုကောင်လေးနဲ့ ပထမဆုံးတွေ့ဆုံခြင်းမှာ အမှတ်တရတွေအများကြီးပျော်ဝင်နေခဲ့ဖူးတယ်
နှစ်တွေအကြာကြီးလဲ အတူရှိနေခဲ့ကြဖူးတယ်
သူ့နောက်ကနေ ခွေးပေါက်လေးလို တကောက်ကောက်လိုက်ပြီးလဲ
စောင့်ရှောက်ဖူးတယ်
သူဆုံးမစကားပြောရင်လဲ အမြဲလိုလိုပြုံးပြီးနားထောင်နေတက်တယ်
သူ မကြိုက်ဘူးပြောရင်လဲ အမှားသေးသေးလေးကအစ မလုပ်မိအောင် ဂရုစိုက်တက်တယ်
ဒီလိုကလေးက ရုတ်တရက်ကြီးဆိုးသွင်းသွားတော့
သူ့မှာအဖြေရှာမရတော့ဘူး
ကောလို့ခေါ်တက်တဲ့ကောင်လေးက ခဗျားလို့သုံးနှုန်းခဲ့တယ်
နောက်ကနေ တကောင်ကောက်လိုက်နေကြကောင်လေးက
အခုများတော့အရိပ်အယောင်တောင်မမြင်ရတော့ဘူး
သူတစ်ခုခု ပြောရင်လဲ ပြန်ပြောဖို့စကားလုံးတွေက
ထိုကောင်လေးဆီမှာအသင့်ပဲ
အမြဲလိုလို သူမျက်နှာပျက်မှာကို ဂရုစိုက်တက်လွန်းတဲ့ကောင်လေးက
အခုတော့ သူ မကြိုက်တာတွေပဲ တန်းစီလုပ်ဖို့ ရွေးချယ်သွားခဲ့ပြီ
သူမှားနေခဲ့ပြီလား ဒါမှမဟုတ် ထိုကောင်လေးပဲ မှားနေခဲ့သည်လား
မစဥ်းစားတက်တော့
သေချာသည်က သူတို့ကြားက သံယောဇဥ်နှောင်ကြိုးလေးတမျှင်က
ပြတ်လုသွားခဲ့ပြီ..."ရှောင်ကျန့်..."
ရှောင်ကျန့်အတွေးတွေနဲ့ ဆေးရုံ လျောက်လမ်းအတိုင်း
လျောက်လာနေတုန်း နောက်နားကခေါ်သံကြောင့်လှည့်ကြည့်မိတော့..."စီနီယာရှင်း..."
"အင်း မင်းနေမကောင်းဖြစ်သေးတယ်ဆို
ရိုးရိုးဆောင်ဘက်မှာပြောသံကြားခဲ့တာ""အော် နည်းနည်းဖျားသွားရုံလေးပါ"
"သတိလစ်တဲ့အထိဆိုတော့ မနည်းဘူးထင်ပါတယ်"
ရှောင်ကျန့်က ရှက်ရယ်ရယ်လိုက်ပြီး
"အာ... ဒါနဲ့
စီနီယာရှင်းက ဒီကိုဘာကိစ္စရှိလို့လဲ"