17

142 12 6
                                    

ရိပေါ်ရဲ့ ပါးပါးက အလုပ်ကိစ္စ မပြတ်သေးတာမို့ ကိုရီးယားမှ တစ်ပတ်လောက်ကြာနိုင်ကြောင်း ဆက်သွယ်လာတယ်
ရှောင်ကျန့်ဒီအကြောင်းကြားကြားချင်း
စိတ်ထဲထိတ်လန့်သွားတာတော့အမှန်ပဲ
သူဒီတစ်ပတ်လုံးရိပေါ်နဲ့ နှစ်ယောက်တည်းအတူဘယ်လိုရှိနေရမှာလဲ
အဲ့ဒီ့အပြင် ရိပေါ်နဲ့က အရင်လိုကောင်းမွန်တဲ့ဆက်ဆံရေးမျိုးမဟုတ်တာမို့
သူအတွက်တော့ ဒါကခက်ခဲတယ် ပြီးတော့ မျက်နှာချင်းဆိုင်တွေ့တာနဲ့
သူ့ကိုအရွဲ့စကားတွေပဲ ပြောနေတဲ့ရိပေါ်က သေချာပေါက်ဒီအချိန်မှာ
သူ့အတွက်အခွင့်အရေးပဲလေ ဒါကြောင့် ရှောင်ကျန့် စိတ်မွန်းကြပ်နေမိတယ်
သူ ရိပေါ်နဲ့ ပြန်အဆင်ပြေချင်ပါတယ် ပြီးတော့ မေလင်းနဲ့လဲ ရိပေါ်ကိုအဆင်ပြေစေချင်တယ်

ရှောင်ကျန့်အတွေးတွေမဆုံးသေးခင်မှာပဲ အိမ်ရှေ့က ကားသံကြားတာမို့
ဧည့်ခန်းထဲကနေ ဘယ်သူလဲ လှမ်းကြည့်လိုက်တော့ ပါးရဲ့ အတွေးရေးမှုးဆိုသူ မုချန်ကော

"သခင်လေးရှောင် နေကောင်းတယ်နော်"

အိမ်ထဲ ဝင်လာချင်း နှုတ်ဆက်လာပုံက သူအိမ်မှာရှိနေမှန်း အပိုင်တွက်ထားသလိုလို နှစ်လိုဖွယ် အပြုံးတစ်ပွင့်နဲ့ သူ့မျက်စိရှေ့လှမ်းလာပုံက
လူကြီးလူကောင်းဆန်ပြီး ရင့်ကျက်တည်ကြည်မှန်း မြင်သူတိုင်းသိသည်။
ရှောင်ကျန့်စိတ်ထဲ အတွေးတစ်ခုဝင်လာ၏။
သူ ရိပေါ်ကိုလဲ ဒီလိုလေးမြင်ချင်မိသည်...

"မုချန်ကော...အိမ်ကိုဘာကိစ္စရှိလို့လဲ ပါးမရှိတာတော့သိမယ်ထင်တယ် "

"အင်း ကိုယ်သိထားပါတယ် ဒါပေမဲ့ ကိုယ်လာတာ သခင်လေးရှောင်ကျန့်ဆီကိုလေ ဉက္ကဋ္ဌကြီးဆီကိုမှမဟုတ်တာ"

"အော် ကျွန်တော်ဆီကိုလာတာလား ဘာကိစ္စရှိလို့လဲ မုချန်ကော"

"သခင်လေးရှောင်ကျန့်က အပြင်မှာတွေ့တုန်းကထပ် ပိုတစိမ်းဆန်လိုက်တာ"

ဒီစကားတွေကို လှေကားရင်းမှာရှိနေတဲ့ ရိပေါ်ကြားအောင် မုချန်ကတမင်ပြောလိုက်တာဖြစ်သည်။ အကြောင်းကတော့ သူနဲ့ရှောင်ကျန့်အပြင်မှာလဲတွေ့စုံကြောင်းကိုသိစေချင်၍...

love dropWhere stories live. Discover now