ရှောင်ကျန့် မနက်ခင်းဂျူတီမရှိပေမဲ့ သူ့လူနာတွေကို တချက်သွားစစ်ဆေးပြီး အပြန် သူ့နားနေခန်းထဲမှာ ထိုင်စောင့်နေတဲ့မုချန်ကောကိုတွေ့လိုက်ရတာမို့ အံ့သြ သွားရသည်။ မနက်ကပဲအိမ်ကိုတစ်ခေါက်လာပြီးပြီမဟုတ်လား
"မုချန်ကော...ရောက်နေတာလား"
"အင်း မနက်က ပြောစရာရှိလို့လာခဲ့ပေမဲ့ ဝမ်သခင်လေးက ကိုယ့်ကိုသဘောမကျသလိုပဲမို့ပြန်သွားလိုက်တာ
အခုဒီမှာဆိုရင်တော့အေးအေးဆေးဆေးပြောလို့ရမယ်ထင်လို့"မုချန်ကောက လူကဲခပ်မညံ့သူပီပီ သူ့အတွေးတွေကိုသိသည့်အလား
ရှည်ရှည်ဝေးဝေးရှင်းပြလို့နေ၏။"ဟုတ်ကဲ့ ဒါဆိုပြောလေ"
"အရင်ဆုံး ကိုယ်တို့ အေးအေးဆေးဆေးရှိမဲ့တနေရာရာကိုသွားလို့ရမလား"
ရှောင်ကျန့်က သူ့ဂျူတီချိန်လဲ မရောက်သေးတာမို့
လက်ခံလိုက်တော့သည်။သူတို့ အေးအေးဆေးဆေးရှိတဲ့ကော်ဖီဆိုင်လေးတစ်ဆိုင်ဆီ
ဦးတည်လိုက်ကြပြီး
နှစ်ယောက်သား မှာထားတဲ့အစားအသောက် တွေ ကိုယ်စီရောက်လာသည်အထိ စကား မစမိကြသေး..."မုချန်ကော...ပြောစရာရှိတယ်ဆို"
သူတို့တိတ်ဆိတ်နေတဲ့ရပ်ဝန်းကို ရှောင်ကျန့်က ဖြိုခွင်လိုက်သည်။
"အာ အခုပြောမဲ့စကားကို ရှေ့မျက်နှာနောက်ထားပြီးပြောပါရစေ"
ထိုသို့အစချီလိုက်တော့ ရှောင်ကျန့်ရဲ့အာရုံအစုစုက သူ့ဆီရောက်လာတာမို့
မုချန်က အခွင့်အရေးကိုအမိအရဖမ်းဆုပ်ကာ"ကော...မင်းကိုသဘောကျတယ် အာကျန့် "
"ဟမ်!"
အေးဆေးတည်ငြိမ်တဲ့ မုချန်ရဲ့အပြောမှာ
ရှောင်ကျန့်က ရင်ခုန်တာ ရင်တုန်တာတွေဘာမှဖြစ်မနေပဲ
အံ့သြတဲ့အရိပ်အရောင်လေးသာဖြတ်ပြေးလို့နေပေ၏။"ကောအခုလိုပြောလို့ ကောအပေါ် တမျိုးမမြင်စေချင်ဘူး
ပြီးတော့...""ခဏလေး...
ကျွန်တော့်မှာ မေလင်းရှိတာကိုတော့ သိတယ်မဟုတ်လား"