လေတဖြူးဖြူးတိုက်ခတ်နေတဲ့ လသာဆောင်ရဲ့ ပြတင်းတံခါး မှာ ဆေးလိပ်ငွေ့တရှိုက်မတ်မတ်က ပြန့်လွင့်လို့နေ၏။
ရှောင်ကျန့် မသောက်စဖူးဆေးလိပ်ငွေ့ပြင်းပြင်းကိုရှူရှိုက်လို့နေမိသည်။
သူအခု နှလုံးသားရော ဘဝကိုပါ စတေးပြီး အနာဂတ်ကို စမ်းတဝါးဝါး
လျောက်လှမ်းရတော့မည်။ ရိပေါ်မပါတဲ့ အနာဂတ်
အချစ်တွေရင်ခုန်သံတွေမပါတဲ့ အနာဂတ်
ပတ်ဝန်းကျင်ရဲ့လှောင်ပြောင်ရယ်မောမှု့တွေမရှိတဲ့ အနာဂတ် ပြီးတော့
အားလုံးအမြင်မှာ ဂုဏ်သိက္ခာရှိတဲ့အနာဂတ်ပေါ့
သူရိပေါ်ကိုချစ်တယ် ပြီးတော့ ဒါကမပြောင်းလဲတော့မဲ့
သေရာပါတဲ့အမှန်တရားပဲ
ဒါပေမဲ့ နောက်ထပ်အမှန်တရားတစ်ခုက ရိပေါ်ကယောက်ျားလေးတစ်ယောက်ဖြစ်တဲ့သူ့ကို ပြန်ကြိုက်မှာမဟုတ်တာပဲ"အဲ့တာဘာလုပ်နေတာလဲ!"
ရှောင်ကျန့် အတွေး တွေလွန်နေတုန်း ရုတ်တရင်နောက်နားကအသံကြောင့် လှည့်ကြည့်မိတော့
သူ့ကိုခပ်တည်တည်မျက်နှာဘေးနဲ့ ရပ်ကြည့်နေတဲ့ရိပေါ်ကိုတွေ့လိုက်ရသည်။
ရှောင်ကျန့်လဲ လက်ထဲက ဆေးလိပ်ကို အမြန်ဝှက်လိုက်ကာ"ဘာ...ဘာမှမလုပ်ပါဘူး"
"ခဗျား ဘယ်တုန်းက ဆေးလိပ်သောက်တက်သွားတာလဲ"
ရှောင်ကျန့် အင်တင်တင်ဖြစ်သွားကာ ရိပေါ်ကိုပြန်မကြည့်ပဲ
အကြည့်လွှဲထားမိတော့သည်။ရိပေါ်က ရှောင်ကျန့်ရပ်နေတဲ့နေရာနားထိ ရောက်လာပြီး
နှစ်ဦးသား ပခုံးချင်းယှဥ်ရပ်လိုက်ကာ
တစ်ယောက်တနေရာဆီအကြည့်ပို့မိကြရင်း"ပါးက ဘာတွေပြောလိုက်သေးလဲ "
ရိပေါ်ဆီက ခပ်တိုးတိုးထွက်လာတဲ့အသံက
စိတ်ပျက်နေတာလား ဝမ်းနည်းနေတာလား မသဲကွဲ"မေလင်းနဲ့အမြန်ဆုံးလက်ထပ်တော့တဲ့"
ရှောင်ကျန့်က အဝေးတနေရာဆီကလမင်းကြီးကိုငေးရင်း
ခပ်ဆွေးဆွေး ပြန်ဖြေလိုက်တော့သည်။"ခဗျားကလက်ခံလိုက်တာလား"
"အင်း ငါ့ချစ်သူနဲ့ လက်ထပ်ရတာပဲ..."
ရှောင်ကျန့်ရဲ့အပြောမှာ ရိပေါ်က ရီဝေဝေ အကြည့်မျိုးနဲ့
တချက်လှည့်ကြည့်လာပေမဲ့ ဘာမှမပြောခဲ့ပေ
နှစ်ဦးသား ထပ်မံတိတ်ဆိတ်သွားပြီးတဲ့နောက်
ရှောင်ကျန့်က လက်ထဲမှာ အခုထိရှိနေသေးတဲ့ဆေးလိပ်ကို
ပြန်သောက်ဖို့ပြင်နေတာကြောင့် ရိပေါ်ကဆွဲလုလိုက်ကာ