မေလင်း ဆိုင်ထဲမှာ ၁၀မိနစ်လောက်ထိုင်စောင့်လို့အပြီးမှာတော့
သူ့ဆီကို ယောက်ျားတစ်ယောက်ရောက်ရှိလာခဲ့သည်။"မင်းက မေလင်း ဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ် ရှင်က မုချန်ဆိုတာ..."
"ဟုတ်ပါတယ် ကျွန်တော်ပါပဲ မိန်းကလေးပိုင်မေလင်း
အချိန်ရရင် ကျွန်တော်တို့အေးဆေးစကားပြောကြတာပေါ့ "ထိုလူက သူတပ်ထားတဲ့ နေကာမျက်မှန်ကိုချွတ်ကာ မေလင်းနဲ့မျက်နှာချင်းဆိုင်က ထိုင်ခုံမှာ စမတ်ကျကျ ဝင်ထိုင်လိုက်ရင်း
ဆိုလာ၏။"ဟုတ်ကဲ့ အချိန်ရပါတယ် ဒါနဲ့ ဖုန်းထဲမှာပြောထားတဲ့
မောင်နဲ့ပတ်သက်တဲ့ကိစ္စပြောစရာရှိတယ်ဆိုတာ ဘာများလဲ..."..........................
ဒေါက်...ဒေါက်
"မောင်..."
"အော် မေလင်း ဝင်ခဲ့လေ "
ရှောင်ကျန့် သူ့လူနာရဲ့ဓာတ်မှန်တချို့ကိုကြည့်နေရင်းမှ
တံခါးခေါက်သံနဲ့အတူ မေလင်းရဲ့ခေါ်သံကိုကြားလိုက်တာကြောင့်
မော့ကြည့်ကာ ဝင်လာခိုင်းလိုက်သည်။ သူမမျက်နှာက အနည်းငယ်ညှိုးနွမ်းနေသည်မို့ မနက်ကကိစ္စစိတ်ဆိုးနေသည်အထင်နဲ့ရှောင်ကျန့်က..."ခုနက မေလင်းကိုတကယ်တောင်းပန်ပါတယ်နော် ရိပေါ်ကအတင်းဆွဲခေါ်သွားတော့ နှုတ်ဆက်ချိန်တောင်မရလိုက်ဘူး
မောင်လဲဂျူတီရှိသေးလို့ ပြန်ဝင်လာပြီးနှုတ်မဆက်တော့တာ ..."ရှောင်ကျန့်က တောင်းပန်စကားပြောနေတူန်းမှာပဲ မေလင်းကသူ့ခါးထပ်ဖက်တွယ်လာ၏။ မျက်နှာကိုလဲ သူရင်ခွင်ထဲဝှက်ထားတာကြောင့်
ကိစ္စတစ်ခုခုရှိနေမှန်းတော့ ရှောင်ကျန့်သိလိုက်သည်။"ဘာဖြစ်လာတာလဲ မေလင်း"
" အရမ်းဝေးကွာနေသလိုခံစားနေရလို့ပါ
မောင်...မေလင်းတို့ အမြန်ဆုံးလက်ထပ်ကြရအောင်""ဟင်..."
"မေလင်း...မေလင်း မောင့်ကိုသိပ်ချစ်တယ် အဆုံးရှုံးလဲမခံနိုင်ဘူး
မောင်လဲမေလင်းကိုချစ်တယ်မဟုတ်လားဟင်"