ညဉ်းနက်ပိုင်းရဲ့ လမ်းမပေါ်က ကားသံတဝီဝီဟာ မနက်ခင်းတုန်းကလောက်ဆူညံမနေပေမဲ့ ဖြတ်သွားဖြတ်လာကားသံတွေကြောင့် တိတ်တိတ်ဆိတ်ဆိတ်တော့ရှိမနေခဲ့...
ထိုဖြတ်သွားဖြစ်လာကားတွေထဲ ရှောင်ကျန့်ရဲ့ ကားလေးဟာလဲတစ်စီးအပါအဝင်ဖြစ်တယ် ရှောင်ကျန့်ကတော့ ဆူညံ့နေ တဲ့ ပတ်ဝန်းကျင်ကိုမျက်
ကွယ်ပြုလို့ သူ့ကားလေးထဲမှာပဲတိတ်တဆိတ် ဝမ်းနည်းနေတယ်
သူအခု မုချန်ကော အိမ်ကနေ ပြန်လာခဲ့တာ ဆေးရုံလဲပြန်မသွားနိုင်ပဲ
မုချန်ကော ပြောတဲ့စကားတွေကိုသာ နားထဲမှာပဲ့တင်ထပ်လို့
ထပ်ခါထပ်ခါကြားယောင်နေမိတယ်
သူကရိပေါ်ကို အမြင့်ဆုံးမှာအ တောက်ပဆုံးသော ကြယ်တစ်ပွင့် ဖြစ်စေချင်ခဲ့တာ အခုတော့ သူ့ကြောင့်နဲ့ ဒီကလေးကဆေးစွဲနေတဲ့ ဆေးသမားတစ်ယောက်ဖြစ်နေခဲ့ပြီတဲ့လား
ဒါကိုမယုံနိုင်ဘူး မုချန်ကောက ညာနေတာပဲဖြစ်စေချင်ခဲ့တယ်လွန်ခဲ့သော တစ်နာရီခန့်က...
" ဒီဒဏ်ရာတွေက ရိပေါ်ကြောင့် ရခဲ့တာ"
"ဘာ...သူနဲ့သွားတွေ့ခဲ့တာလား"
"အဟက်... "
မုချန်က ခနဲ့သလိုရယ်သံတစ်ချက်ပေးကာတစ်ဖက်ကို
လှည့်သွားတာကြောင့် ရှောင်ကျန့်မျက်မှောင်ကုတ်လိုက်မိသည်။
ထို့နောက် မုချန်ကောဘက်ကပြောလာမဲ့စကားကိုစောင့်ရင်း
မျက်နှာကဒဏ်ရာတွေဆီ ဆေးထည့်ပေးနေမိ၏။
မုချန်ကောက ဘာစကားမှဆက်ပြောမလာပဲ
သူလုပ်သမျှကိုမမှိတ်မသုန်ကြည့်နေကာ ဝမ်းနည်းနေဟန်မျက်လုံးတွေက
တစ်ခုခုကိုစိတ်မကောင်းဖြစ်နေသည့်ဟန်..."မင်းမိဘတွေသေဆုံးရတာ မတော်တဆမဟုတ်ခဲ့ဘူး"
ဒဏ်ရာတွေပေါ်ဆေးထည့်နေတဲ့ ရှောင်ကျန့်ရဲ့လက်တွေဟာ မသိမသာတုန်ယင်သွားသည်။
ဒီရက်ပိုင်းအတွင်း ဒီစကားတစ်ခုထဲကိုကြားနေရတာ၃ခါရှိသွားပြီ
ရှောင်ကျန့်က ကိုယ်ရှိန်ကိုထိန်းကာ
လှုပ်ရှားနေတဲ့စိတ်အစုံကို မုချန့ကောမသိအောင် ဖုံးကွယ်လိုက်ရင်း..."သိတယ်..."
မုချန်ကောက နားမလည်သလိုတချက်ကြည့်ပြီး