30 zg

46 1 0
                                    

ရှောင်ကျန့် သူ့အခန်းထဲကနေ လိုအပ်တဲ့ပစ္စည်းတွေကိုထုတ်ပိုးနေလိုက်တယ်
သူဒီအိမ်ကြီးမှာအိပ်စက်ခွင့်ရတာက ဒီညနောက်ဆုံးပဲဖြစ်ပါလိမ့်မယ်
အခန်းထဲမှာရှိတဲ့ပစ္စည်းတွေကို မျက်လုံးလေးဝေ့ဝဲက လှည့်ပတ်ကြည့်နေပြီး
အတိတ်က အချိန်တွေကိုလွမ်းစွတ်မိလာတော့တယ်
သူဘဝရဲ့အတိတ်နေ့ရက်တွေတော်တော်များများမှာရိပေါ်ကအမြဲပါဝင်နေခဲ့တာပါပဲ
တချိန်လုံးသူ့အခန်းထဲမှာပဲ စာဝင်လုပ်တက်တဲ့ အကျင့်ဆိုးလေးနဲ့ရိပေါ်
တချိန်လုံးသူ့အနားမှာပဲ ကပ်တွယ်နေပြီး ကျန့်ကောလို့ တဖွဲ့တနွဲ့ခေါ်တက်တဲ့ရိပေါ်
သူနဲ့ပတ်သက်လာရင် တခြားသူတွေအပေါ်အနိုင့်ကျင့်တက်တဲ့
ကြောင်ဆိုးလေးဖြစ်နေတဲ့ရိပေါ်
ရှောင်ကျန့်ဒီကလေးကိုခွဲပြီး ဘယ်လိုအင်အားနဲ့များထွက်သွားနိုင်မှာလဲ...

အတွေးတို့နယ်ကျွံလာတော့ ရှောင်ကျန့်မျက်ဝန်းအိမ်ထပ် ခိုဝင်နားနေတဲ့မျက်ရည်ကြည်တပေါက်က ဖိတ်မခေါ်ပါပဲအပြင်ကိုလျှံကျလာတော့တယ်
ရှောင်ကျန့်လဲ ငွေကိုင်းမျက်မှန်လေးကိုအသာချွတ်လို့ သူငိုနေတာမဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုလိမ်ဖို့ရန် မျက်ရည်တွေကိုအသာသုတ်လိုက်ရတယ်
ထိုအချိန်မှာပဲ...

"ဒေါက် ဒေါက်...သခင်လေး..."

ရှောင်ကျန့်အခန်းပေါက်ဝကို တချက်လှည့်ကြည့်လိုက်တော့  အိမ်တော်ထိန်းကြီးဖြစ်နေတယ်ဒါနဲ့ပဲ ခေါင်းငြိမ့်ပြကာဝင်ခွင့်ပြုလိုက်ပြီး

"ဘာကိစ္စများရှိလို့လဲ အိမ်တော်ထိန်းကြီး"

"ကျွန်တော်နဲ့မသက်ဆိုင်ပေမဲ့ တစ်ခုလောက်ပြောလို့ရမလားလို့ပါ"

"ရှောင်ကျန့်ကခွင့်ပြုကြောင်း ခေါင်းငြိမ့်ပြတော့"

"သခင်လေး တကယ်ပဲဆုံးဖြတ်လိုက်ပြီလား
တကယ်ပဲ အဲ့လူယုတ်မာနဲ့အတူသွားနေတော့မလို့လား"

ရှောင်ကျန့်က တွေတွေလေးငေးငိုင်သွားတော့

"သခင်လေးရှောင်"

အိမ်တော်ထိန်းက သူ့လက်ဖဝါးတွေကိုလှမ်းကိုင်လိုက်ရင်း

"သခင်လေးရိပေါ်ကိုခေါ်ပြီး အားလုံးနဲ့အဝေးဆုံးကိုပြေးပါ
ဒီမှာဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော်ရှိတယ်
ကျွန်တော်ရင်ဆိုင်ပါ့မယ်
သခင်ကြီးဝမ်ကိုလဲ ဂရုစိုက်ပေးထားမှာမို့ ဘာကိုမှနောက်ဆန်မတင်းပဲ
အားလုံးနဲ့အဝေးဆုံးကိုသာပြေးပါ"

love dropWhere stories live. Discover now