8

166 12 13
                                    

ရိပေါ်တို့အိမ်ပြန်ရောက်ပြီးမကြာခင်မှာပဲ ပါးရဲ့ကားသံကြားလိုက်ရသည်။
ပါးကဧည့်သည်ပါလာတာကြောင့် ညစာ အတူလာစားဖို့ပြောလာသည့်အတွက် ရိပေါ်ရော ရှောင်ကျန့်ပါ အံ့သြနေရ၏။
ပုံမှန်ဆို ပါးက အိမ်ကိုဧည့်သည်ခေါ်လာနေကြမှမဟုတ်ပဲ
အပြင်မှာပဲဧည့်ခံတက်သည်မဟုတ်လား
ပါးရဲ့မိတ်ဆက်ပေးမှု့ကြောင့် အတူပါလာတဲ့
ပါးရဲ့လက်ထောက်ဆိုသူက မုချန်လို့သိရပြီး
ပါးအတော်လေးအားကိုးရတဲ့သူလို့ဆိုလေ၏။
ထိုလူက ရှောင်ကျန့်ထပ်ပင် အသက်ကြီးမည့်ပုံရ၏။
အနေတည်ကာ အတော်လေးခတ်ထန်တဲ့ဟန်ပန်ရှိပေမဲ့
သူ့အပေါ်ကိုတော့ အသွင်အပြင်နူးညံ့နေသည်ဟု ရှောင်ကျန့်ခံစားမိသည်။
ညစာအတူစားပြီးကြတာနဲ့ ထိုလူက နှူတ်ဆက်ကာပြန်သွားလေသည်။

"ပါး ဘာလို့သူ့ကိုအိမ်ထိခေါ်လာတာလဲ"

ဝမ်လေးက ဧည့်သည်ပြန်သွားတော့မှ ဆူပုတ်ပုတ်မေးလာ၏။

"ဘာလို့လဲ သားရဲ့ ပါးကအလုပ်ကိစ္စတစ်ခုအောင်မြင်လို့သူ့ကို
ဂုဏ်ပြုပေးရုံပါ"

ရှောင်ကျန့်ကတော့ ပါးတို့စကားဝိုင်းထဲဝင်မပါပဲ
ထိုင်ခုံတွင်သာငြိမ်ငြိမ်လေးထိုင်လို့နေသည်။

ပါးကတော့ အိမ်တော်ထိန်းလာပေးတဲ့ လက်ဖက် ရေနွေးခြမ်းကို
ခပ်ဖြေးဖြေးသောက်ရင်း ဝမ်လေးရဲ့အလိုမကျမှု့အား ဖြေရှင်းလို့နေ၏။

"အဲ့လူက ကောကိုအရမ်းကြည့်တာပဲ သားတော့မကြိုက်ဘူး
နောက်ဆို သားမရှိတဲ့အချိန် အဲ့လူကိုအိမ်ခေါ်မလာနဲ့"

ဝမ်လေးအပြောကြောင့် မျက်လုံးပြူးရသူမှာ ရှောင်ကျန့်ဖြစ်ပြီး
သက်ပြင်းချသူမှာ ဝမ်ပါးသာဖြစ်ပေတော့သည်။
အနေရခက်နေတဲ့ စကားဝိုင်းမှာ
ရှောင်ကျန့် အူကြောင်ကြောင်လေးဖြစ်နေတုန်း
အသံမြည်လာတဲ့ ဖုန်းကြောင့် ရှောင်ကျန့်အသက်ရှုချောင်ပေတော့သည်။
ရှောင်ကျန့်က ဖူန်းပြောဖို့ ပါးကိုခွင့်တောင်းကာ
ထိုစကားဝိုင်းကနေထလာခဲ့လိုက်၏။
ပါးက ခေါင်းငြိမ့်လျက် ခွင့်ပြုပေးလိူက်သည်။
ရိပေါ်ကတော့အခုထိသူ့ကိုမျက်စိအဆုံးလိုက်ကြည့်နေတုန်းပဲ

love dropWhere stories live. Discover now