"ရိပေါ် မင်းဘာစောက်ရူးထနေတာလဲ!!!"
စာကြည့်ခန်းထဲမှာ ပါးရဲ့ဒေါသအလျောက်အော်သံက ဆူညံလို့နေ၏။
"ပါးကရော ဘာလို့ဒီကိစ္စတွေကိုပြန်မပြောချင်ရတာလဲ
မဟုတ်မှ ဒီဖြစ်ရပ်ကြီးမှာ ပါးကပါဝင်ပတ်သတ်နေလို့လား""ဝမ်ရိပေါ်!!!"
ဝမ်ပါးက ဒေါသကြောင့် မျက်နှာတစ်ခုလုံးနီမြန်းလို့နေ၏။
ရိပေါ်ကတော့ဂရုမစိုက်စွာ မထိမဲ့မြင်မျက်နှာထားနှင့်
ခပ်တင်းတင်း ရှိနေလေသည်။ရှောင်ကျန့်အိမ်တော်ကိုပြန်ရောက်လာတော့ အိမ်တော်ထိန်းဦးလေးက
ဝမ်းပါးနဲ့ ဝမ်ရိပေါ်တို့ ပြသာနာတချို့ရှိနေကြောင်းပြောလာတာမို့
ပါးရဲ့စာကြည့်ခန်းရှေ့ရောက်လာမိ၏။
သူရောက်လာချင်းပဲ ကြားလိူက်ရတဲ့စကားသံတချို့ကြောင့်
အခန်းထဲဝင်သွားဖို့ ဟန်ပြင်ထားတဲ့လက်ဟာ လေထဲမှာတင်ရပ်တန့်လို့သွားလေသည်။"ပါးက အတ္တသမားပဲ ကျွန်တော့်အတွက်လို့ခေါင်းစဥ်တပ်ပြီး အခုပါးဆန္ဒတွေကိုပဲ ဖြည့်ဆည်းခဲ့တာမဟုတ်လား!!!"
"ဝမ်ရိပေါ်!!!"
ခွပ်!!!"ပါး!!!"
ရိပေါ်က ဝမ်ပါးရဲ့ လက်သီးပြင်းပြင်းထိုးချက်အောက်မှာ နှုတ်ခမ်းထောင့်မှသွေးစတို့စိမ့်ထွက်လာ၏။
ရှောင်ကျန့် အလန့်တကြားဝင်သွားပြီး ဘာကိစ္စကြောင့်
အစပြုပြီး ဖြစ်မှန်းမသိတဲ့ရန်ပွဲကိုဖြေရှင်းရန်ကြိုးစားခဲ့သည်။"ပါး...ဝမ်လေးက ဘာအပြစ်လုပ်ထားမိလိူ့လဲ
ဆူချင်ရင်သားကိုပဲပြောပါ ဝမ်လေးကို သေချာပြန်ဆုံးမပါ့မယ်"ရှောင်ကျန့်ရဲ့ ဖြေရှင်းချင်ကို ဘယ်သူမှနားဝင်ပုံမရ နှစ်ဦးသားအကြည့်ချင်းစစ်ခင်းကာ ဝမ်ရိပေါ်ကအရင်အခန်းထဲက ထွက်သွားတော့၏။
ရှောင်ကျန့်လဲ စိတ်လေနေတာတစ်ကြောင်း ပါးကိုမျက်နှာချင်းမဆိုင်ချင်တာတစ်ကြောင်းကြောင့် ဝမ်လေးနောက်ပဲ လိုက်သွားဖို့ရန်ဆုံးဖြတ်လိုက်တော့သည်။ ထိုအချိန် ဝမ်ပါးဆီမှ အသံသဲ့သဲ့က ငိုရှိုက်သံလိုလိုထွက်ပေါ်လာ၏။