"ပါး သားနောက်ကျနေလို့သွားတော့မယ်..."
"သားရှောင် မနက်စာကရော"
"နေတော့ပါး ဆေးရုံရောက်မှတစ်ခုခုဝယ်စားလိုက်မယ်"
ဝမ်ပါးကိုလှမ်းပြောရင်း တစ်စပ်ထဲမှာပဲ
"ဝမ်ရိပေါ် ငါ့ကားသော့ရော"
ရိပေါ်က သူ့ပါးနဲ့မနက်စာအေးဆေးထိုင်စားနေရင်းမှ
"အော် မနေ့က မော့ရန်အရေးကြီးကိစ္စရှိလို့တဲ့
ကောကားကိုလာမပို့ပေးဘူး""ကျစ် ဒါ... ဝမ်လေး ဒါ မင်းသပ်သပ်လုပ်တာမဟုတ်လား"
"ဟုတ်တယ်ဆိုရင်ရော..."
အသားလုံးကိုထိုးစွထားတဲ့ခရင်းအား ပါးစပ်ထဲအသာထိုးထည့်ရင်း
ရှေ့ကပါးပါးကိုရော သူ့ကိုပါဂရုမစိုက်ဟန် ပြန်ပြောနေပုံက
ထုရိုက်ပြစ်ချင်စရာအတိ..."ဟင်းးး ရိပေါ်...ကောတကယ်နောက်ကျနေပြီ..."
နောက်ဆုံးတော့သူကပဲ တထစ်လျော့ရပြန်သည်။
"ပါးပါးရဲ့ကားကိုပဲ..."
"ကျွန်တော်လိုက်ပို့ပေးမယ်!!!"
တစ်စပ်ထဲထွက်လာတဲ့ ပါးနဲ့ ရိပေါ်ရဲ့စကားသံဟာ
သူ့အားရွေးချယ်ရခက်စေသည်။
သူ ပါးကိုမျက်နှာငယ်လေးနဲ့လှမ်းကြည့်မိတော့
ပါးကလဲ မတက်နိုင်ဘူး ဟုသော မျက်နှာဘေးဖြင့်ပြန်ပြုံးပြရှာ၏။"ရိပေါ် လိုက်ပို့မှာဆိုလဲ သွက်သွက်လုပ်လေ "
"ဟင်းးးကော...ကောကျောင်းမှာတုန်းက မသင်ခဲ့ရဘူးလား
သူများစားသောက်နေရင် မနှောက်ယှက်ရဘူးဆိုတာလေ"ရှောင်ကျန့် စိတ်လျော့ကာလွယ်ထားတဲ့အိတ်ကို
ကြမ်းပြင်ပေါ်ပြစ်ချလိုက်သည်။
ဒီနေ့တော့ ဧကန်မုချ သူ့တာဝန်တွေ လှစ်ဟင်းပါတော့မည်။"အဟမ်း... သားရှောင် နောက်ကျမဲ့အတူတူ
မနက်စာလာစားလိုက်ပါတော့လား"ပါးက မနေတက်စွာ ချောင်းတစ်ချက်ဟန့်ရင်း
မနက်စာသာ ဝင်စားလိုက်ဖို့လောကွက်ချောလာ၏။
သူမနက်စာဝိုင်းကို မှင်သေသေဝင်ထိုင်ရင် စဥ်းစားမိသည်။