"ရှောင်ကျန့်ကော...ကျွန်တော်တို့ဒီမှာ"
ရှောင်ကျန့်က စားသောက်ဆိုင်မှာ ဟိုရှာဒီရှာလုပ်နေတုန်း
ရိပေါ်ရဲ့သူငယ်ချင်းနှစ်ယောက်က လက်ဝှေ့ရမ်းပြကာလှမ်းခေါ်လိုက်တယ်"ကော ကျွန်တော်တို့ကိုတွေ့ဖို့ချိန်းတာ အရေးကြီးကိစ္စရှိလို့လား"
မော့ရန်က ဦးစွာစကားစလိုက်တော့ ရှောင်ကျန့်ရဲ့မျှော်လင့်ချက်တွေသန်းနေတဲ့မျက်ဝန်းတွေက ငွေ့ရည်ဖွဲ့လာခဲ့တယ်
"ကော ဘာဖြစ်လို့ငိုနေတာလဲ ကိစ္စတစ်ခုခုရှိလို့လား"
သူဝမ်းနည်းနေတာမြင်တော့ မော့ရန်ရောချူးမင်ရောပါ ပြာယာခပ်သွားကြပြီး သူ့အနားရောက်လာသူကရောက်လာ
တစ်ရှူးပေးသူကပေးနဲ့အလုပ်ရှုပ်သွားကြသည်။
ဒီကလေးတွေကိုကြည့်ရတာ ရိပေါ်ဆီကနေအကျင့်လေးတွေကူးလာတယ်ထင်ပါရဲ့..."ကော ဘာမှမဖြစ်ပါဘူး တစ်ယောက်တည်းရှိနေတယ်လို့ခံစားနေရတာကနေ ရုတ်တရက် ယုံကြည်ရမဲ့သူတွေပေါ်လာလို့ ဝမ်းသာသွားတာပါ"
"ဘာအခက်အခဲတွေရှိနေလို့လဲ ရှောင်ကျန့်ကော"
"အင်းပြောပြမယ် ပြောပြချင်လွန်းလို့မင်းတို့ကိုဒီလိုချိန်းလိုက်ရတာ"
ချူးမင်ရော မော့ရန်ပါ သူ့စကားကိုအလေးအနက်နားထောင်နေကြတာတွေ့တော့ ရှောင်ကျန့်အားတက်သွားကာ ပြောရမဲ့စကားတွေအတွက်ခွန်အားဖြစ်လာခဲ့တော့သည်။
"မင်းတို့ထင်ထားသလို ရိပေါ်က ဆေးစွဲခဲ့တာအမှန်ပဲ"
"ဟင်..."
"ဒါဆို ရိပေါ်ကအဖွဲ့ထဲကနေနှုတ်ထွက်သွားတာ သူဆေးစွဲနေလို့ပေါ့"
"အမှန်ပဲ သူ့ရဲ့အခြေအနေတွေ အမှတ်မထင်ပေါ်သွားရင်
မင်းတို့ဆီနွယ်မလာအောင် သူ့ဘာသာရုန်းထွက်သွားခဲ့တာ"ထိုအခါ သူငယ်ချင်းနှစ်ယောက်လုံးကစိတ်မကောင်းဖြစ်သွားကြပြီး
"အဲ့တာကိုတောင်မသိပဲ ကျွန်တော်တို့က သူ့ကိုအပြစ်တင်နေခဲ့ကြသေးတယ်"
"ဟုတ်ပါ့ရဲ့ ကျွန်တော်တို့က တော်တော်အသုံးမကျတဲ့သူငယ်ချင်းတွေပဲ
ကျွန်တော်တို့မှာနောင်တရဖို့အခွင့်အရေးတောင် ရှိပါဦးမလား"