ဒေါက် ဒေါက် ဒေါက်...
"ဥက္ကဋ္ဌ ဝမ်...
စက်ရုံရဲ့ဌာနမှူးဟောင်းက တွေ့ခွင့်တောင်းနေပါတယ်""သူကဘာကိစ္စရှိလို့လဲ"
"အဲ့တာတော့..."
"ကောင်းပြီ ဝင်ခိုင်းလိုက်"
အတွေးရေးမှူးလေးထွက်သွားပြီးမကြာခင်
စက်ရုံရဲ့ဌာနမှူးဟောင်းဆိုသူက ဝင်လာ၏။"ဟဲလို...ဝမ် ဥက္ကဋ္ဌကြီး နေကောင်းကျန်းမာပါရဲ့လား"
"မင်းက ဒီကိုဘာကိစ္စလဲ ငါ့ ကုမ္ပဏီထိ
လိုက်လာရတဲ့အကြောင်းအရင်းကဘာလဲ""အဟားဟား မလောပါနဲ့ ဥက္ကဋ္ဌကြိးရဲ့
အခုမှမိတ်ဟောင်းဆွေဟောင်းတွေပြန်တွေ့ကြတာကို
တကယ်ပဲ... ထိုင်ပါရစေဦး""ငါ့မှာ မင်းလောက်အချိန်ပေါမနေဘူး ဌာနမှူးဘတ်"
"အဟင်းးး ဒါပေါ့ဒါပေါ့ ကျွန်တော့်လို အလုပ်အကိုင်မရှိတဲ့သူနဲ့
ဥက္ကဋ္ဌ ကြီးလိုလူမျိုးနဲ့ဘယ်ယှဉ်နိုငိပါ့မလဲ
ကျွန်တော်အခုလာတာလဲအဲ့ကိစ္စပါပဲ
ကျွန်တော့်သားလေးရဲ့ အရာရှိစာမေးပွဲအတွက်ငွေနည်းနည်းလိုနေလို့
အဲ့တာ ဥက္ကဌကြီးများ ကူညီပေးနိုင်မလားလို့ပါ...""ငါကဘာလို့လဲ "
" ဥက္ကဌကြီးကလဲ မေ့ချင်ယောင်ဆောင်နေပြန်ပြီ
ကျွန်တော်အခုလို အလုပ်လက်မဲ့ဖြစ်ရတာ ဘယ်သူကြောင့်မို့လို့လဲ""ဌာနမှူးဘတ်!!!"
ဝမ် ဥက္ကဌကြီး ရဲ့လက်တွေကမသိမသာတုန်ယင်လာ၏။
"မမေ့နဲ့နော် ရှောင်မိသားစုရဲ့ ကားမတော်တဆမှု့က
ဘယ်သူ့လက်ချက်လဲဆိုတာ...""ရာရာစစ မင်းကများ ငါ့ကိုလာခြိန်းခြောက်ရဲသေးတယ်ပေါ့!!!"
"မလုပ်ရဲပါဘူး...အဟက် အတိတ်မေ့နေမှာစိုးလို့ပါ ဥက္ကဋ္ဌကြိး"
ဌာနမှူးဘတ်ဆိုသူက ငွေလက်ခံရ ရှိပြီးနောက် ပြန်သွားလေသည်။
ဌာနမှူးဘတ်ပြန်သွားတာနဲ့ ဥက္ကဌ ဝမ်က စားပွဲပေါ် ရှိ
လက်ကိုင်ဖုန်းမှတဆင့်..."မုချန် အခုချက်ချင်းငါ့ရုံခန်းထဲဝင်လာခဲ့! !!"
"ဟုတ်ကဲ့..."