မေလင်းက လင်ထပ်ပွဲပျက်ပြီးတဲ့နောက်
ရှောင်ကျန့်ကို လုံးဝအဆက်အသွယ်ဖျက်သွားခဲ့တယ်
သူ့ အပေါင်းအဖော်တွေကြားမှာပါ အရှက်ရစရာတွေဖြစ်သွားခဲ့ရတာမို့
သူဒီနိုင်ငံကိုလုံးဝပြန်မလာတော့ဘူးဆိုတဲ့အကြောင်း
ရှောင်ကျန့်နောက်မှ တဖြေးဖြေးသိခဲ့ရတယ်
သူမေလင်းအပေါ် အများကြီးမှားခဲ့တယ် ခွင့်မလွှတ်နိုင်လောက်အောင်မှားခဲ့ပေမဲ့ သူတောင်းပန်ဖို့လဲ အခွင့်မရှိတော့ဘူး
မေလင်းက သူ့အနားကနေပါမက ဆေးလောကအသိုင်းအဝိုင်းရဲ့ပတ်ဝန်းကျင်ကနေပါပျောက်ကွယ်သွားခဲ့တာ
အဲ့လိုပဲ ရိပေါ်ကလဲ သူ့ပတ်ဝန်းကျင်ကနေပျောက်သွားတာ အခုဆို၃လပြည့်ခဲ့ပြီ
ရှောင်ကျန့်ကတော့ မုချန်ကောနဲ့သဘောတူထားတဲ့အတိုင်း
မုချန်ကောနဲ့အတူ လိုက်နေနေရပြီ ပတ်ဝန်းကျင်မှာတော့
ကုမ္ပဏီ ရှယ်ရာတွေထိန်းသိမ်းဖို့နဲ့လုပ်ငန်းကိစ္စတွေနားလည်အောင်သင်ယူဖို့ မုချန်ကောနဲ့အတူရှိနေကြတယ်လို့ထင်ကြပေမဲ့
တကယ့်လက်တွေ့မှာတော့ ရှောင်ကျန့်က
ဘယ်ရှယ်ရာကိုမှစိတ်မဝင်စားသလို
ဘာလုပ်ငန်းအကြောင်းမှလဲမလေ့လာခဲ့ပါဘူး
ရှောင်groupရဲ့အမည်ခံ ဥက္ကဋ္ဌ အနေနဲ့သာ ရှိနေပြီး မုချန်ကောရဲ့
ကြိုးဆွဲရာ က,နေတဲ့အရုပ်သာသာပါပဲ
ရိပေါ်ရဲ့ ဆေးသုံးတဲ့vdကိုတော့သဘောတူညီချက်အတိုင်း
ပြန်ဖျက်ပေးခဲ့ပြီး လူတစ်ယောက်ကိုအစားထိုးကာ အမည်ဖျက်မှု့ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်မှု့နဲ့ မုချန်ကောက တခြားသူတွေယုံအောင်တရားစွဲပြခဲ့တယ် ပြီးတော့ အရာအားလုံးကို ငွေနဲ့ဖုံးကာ
လူတွေကိုမျက်လှည့်ပြလိူက်တော့တယ်
ဒီအရာတွေအားလုံးကိူသိနေတဲ့ရှောင်ကျန့်က မုချန်ကောကို ကြောက်ရွံ့လာခဲ့ပြီး သူထားရာနေ စေရာသွားတဲ့အရုပ်တစ်ရုပ်ဖြစ်လာတော့တယ်
ဒါပေမဲ့လဲ လက်ထပ်ဖို့ကိစ္စကိုတော့ ရှောင်ကျန့်က အကြောက်အကန်ငြင်းဆန်တယ် ဒါကြောင့် ရိပေါ်ပါးရဲ့အမှု့ကို မဖြေရှင်းပေးပဲ
ထောင်မကျ ကျအောင် ရွမ်ယမ်နဲ့ပေါင်းကာ သက်သေအတုတွေဖန်တီးပြီး
အမှု့ကိုပိုကြီးအောင်လုပ်နေခဲ့တယ်
တရားရုံးတော်ကိုလဲ ရှောင်ကျန့်ကိုယ်တိုင်မလိုက်စေပဲ သူကပဲအစားသွားကာ
ရှောင်ကျန့်က လုံးဝမျက်နှာချင်းမဆိုင်ချင်တဲ့ပုံစံမျိုးတွေဖန်တီးထားတာကြောင့် ရှောင်ကျန့်မှာကူကယ်ရာမဲ့နေခဲ့ရတယ်
ရှောင်ကျန့်မှာ ယုံကြည်ရတဲ့သူ မြူတစ်မှုံစာတောင်မရှိတာမို့
ထိုလူလုပ်သမျှငြိမ်ခံရုံသာတက်နိုင်တော့တယ်