ရှောင်ကျန့် ကားထဲမှာအချိန်အကြာကြီးရှိနေပြီးတဲ့နောက် ဖုန်းမြည်သံကြားလို့ကိုင်လိုက်တော့ စီနီယာရှင်းဖြစ်လို့နေသည်။
"ဟဲလိုစီနီယာရှင်း..."
"ရှောင်ကျန့် မင်းဘယ်မှာလဲ..."
"ကျွန်တော်...ကျွန်တော် အပြင်ရောက်နေတာပါ"
"ဒါဆို ကောတို့ခဏလောက်တွေ့လို့ရမလား"
"ဘာကိစ္စရှိလို့လဲ စီနီယာရှင်း"
"ကော မင်းကိုအကူအညီတောင်းစရာရှိလို့ပါ"
ရှောင်ကျန့်တွေဝေနေမိသည်။ စီနီယာရှင်းအကူအညီတောင်းမယ်ဆိုတဲ့ကိစ္စက သေချာပေါက် ပါးဝမ်နဲ့သက်ဆိုင်နေလိမ့်မည်။"ဘာ...ဘာများလဲ..."
"ဟူးးးး အရင်ဆုံးလူချင်းတွေ့မှပြောကြရအောင်လား"
ရှောင်ကျန့်တွေဝေနေမိတုန်း စီနီယာရှင်းက သူ့အတွေးကိုသိသည့်အလားထပ်လောင်းစကားပါးလိုက်တော့သည်။
"ကောပြောမဲ့ကိစ္စက မင်းနဲ့ရိပေါ်ကိုမထိခိုက်စေရဘူးလို့ အာမခံပါတယ်"
ထိုအခါမှ ရှောင်ကျန့်လဲ ချိန်းဆိုထားတဲ့နေရာကို သွားဖို့ဆုံးဖြတ်လိုက်ပါ၏။
သံသဃတွေမကင်းပေမဲ့ စီနီယာရှင်းရဲ့ ရိပေါ်ကိုမထိခိုက်စေရဘူးဆိုတဲ့ စကားကိုယုံကြည့်ပြီးလက်ခံလိုက်တာဖြစ်သည်။...........................
တစ်ဖက်တွင်
ရိပေါ်ရဲ့ရိုက်နှပ်မှု့တွေကြား မလှုပ်နိုင်ပဲရှိနေသော မုချန်က
အခုထိ ဇွဲမလျော့သေး ရိပေါ်ကိုစကားလုံးတွေနဲ့ တိုက်ခိုက်လို့နေ၏။"မင်းသာ ရှောင်ကျန့်ကို တကယ်အားနာတယ်ဆိုရင်
ရှောင်လုပ်ငန်းစုကိုပြန်ပေးပြီး သူနဲ့ဝေးဝေးမှာနေလိုက်တာအကောင်းဆုံးပဲ
ဒါက မင်းသူ့အပေါ် မင်းလုပ်ပေးနိုင်တဲ့တစ်ခုတည်းသော တောင်းပန်မှု့ပဲ
သူသာ မင်းပါးက သူ့မိဘတွေကိုသတ်တဲ့တရားခံပါလို့သိသွားရင်
မင်းကိုရောမင်းပါးကိုရောဘယ်လောက်များနာကြီးမုန်းတီးလိုက်မလဲ
ဟမ်...အဟက် မင်းကိုသာအမုန်းကြီးမုန်းသွားရင်..."