နောက်တစ်နေ့မှာတော့ Shen Lie ရဲ့ အားလပ်ရက်ဖြစ်တယ် ပြီးတော့ သူက ပုစွန် ထမင်းရည်နဲ့ ကြက်သွန်နီ ကြက်ဥမွှေကြော် အကြီးတစ်ပန်းကန်ချက်ဖို့ စောစောထလေသည်။
Dawa က အဆင်သင့်ဖြစ်နေပြီးတော့ ထမင်း စားပွဲမှာ ထိုင်နေလေသည်။ သူ့ရဲ့ ထမင်းရည်ကို သောက်နေရင်း သူကအိပ်ချင်မူးတူးနှင့် မေးလိုက်လေသည်။
" ဖေဖေ၊ မနေ့ညက မိထွေးနဲ့ ဘာလျှို့ဝှက်ချက်တွေ ပြောနေကြတာလဲ? အဖေက တစ်ညလုံးပြောပြီးတော့ သား အိပ်မပျော်အောင် လုပ်နေတယ်"Shen Lie က တွန့်ဆုတ်နေပြီးတော့ ပြန်ဖြေလိုက်လေသည်။
" Um, မင်းငါ့ကို မနေ့ညက ငါနဲ့ မင်းမိထွေးနဲ့ ဘာလျှို့ဝှက်ချက်တွေ ပြောနေကြတာလဲဆိုတာကို မေးတာဆိုရင် ....."Dawa လို ငယ်သေးတဲ့ ကလေးတစ်ယောက်ကို
သူတို့ ညတုန်းကပြောခဲ့တဲ့ အရာတွေကို ဘယ်လို ရှင်းပြရမှာလဲ?သူက Ning Tang ကို သူ့ရဲ့ တံတောင်နဲ့ တို့လိုက်ပြီး အမူအရာပြလိုက်လေသည်။
" မင်းဖြေလိုက်"Ning Tang က ကိုးရို့ကားရား ပြုံးပြီး ပြောလိုက်လေသည်။
" မင်းအဖေက ရက်အနည်းလောက်ကျရင် ငါတို့ကို ကမ်းခြေမှာ ပင်လယ်စာတွေ စုဖို့ခေါ်သွားမယ်လို့ ပြောနေတာ။ ငါတို့ ဘယ်ပင်လယ်စာတွေကို ရွေးရမလဲဆိုတာ ဆွေးနွေးနေတာ"Shen Lie ရဲ့ မျက်လုံးတွေက ပြူးသွားပြီးတော့ သူ့အကြည့်နဲ့ Ning Tang ကို သူ ဘယ်တုန်းက ပြောလို့လဲ ဆိုသည့် အမူအရာပြလေသည်။
Dawa က စိတ်လှုပ်ရှားနေပုံရပြီးတော့ ပြောလိုက်သည်။
"အဖေ့ တကယ်လား? အဖေ တကယ်သားတို့ကို ပင်လယ်စာတွေစုဖို့ ခေါ်သွားမှာလား?"" တကယ်ပေါ့"
Ning Tang က ဆက်ပြောလိုက်လေသည်။
" မင်းအဖေက စကားတည်တဲ့ ယောင်္ကျားပဲ။ သူ တစ်ခုခုကို ပြောလိုက်ရင် သံလိုပဲ စွဲမြဲတယ်။" Yay !" ကလေးသုံးယောက်က သြဘာပေးလိုက်လေသည်။
Ning Tang ရဲ့ တုံ့ပြန်မှုကြောင့် သတိလျော့ကျသွားပြီး Shen Lie က သူ့ရဲ့နှုတ်ခမ်းထောင့်ကို ပင့်တင့်ဖို့ ကြိုးစားလိုက်လေသည်။
" အဲ့ဒါ မှန်တယ်၊ ငါက ငါ့ရဲ့စကားကို တည်တယ်"
YOU ARE READING
၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေး
FantasyThis is not my story. Just translation. All credit to original authors and translator.🥰🥰🥰 Name - Lazy Stepmother of the 70s island Author name -Yizhifan 一之舟 Type -Web Novel 108 Chapters