#Unicode"အမေ...!"
"ဟေ...? ပြန်ရောက်ပြီလား...? ဆိုးလ်တက္ကသိုလ်ကိုလေ့လာရေးသွားတာ ဘယ်လိုနေလဲ...?"
"ဟီး... *ပြွတ်*..."
အိမ်ပြန်ရောက်ရောက်ချင်း အတောက်ပဆုံးပြုံးရင်း ဧည့်ခန်းမှာတွေ့ရတဲ့အမေ့အား ပါးကိုပြွတ်ခနဲနမ်းလိုက်လေတော့ အမေက မျက်လုံးပြူးကာကြည့်လို့လာလေ၏...။
"ဘယ်လိုဖြစ်ပြီးလာနမ်းနေတာတုန်း...? လေ့လာရေးသွားတာ ဘယ်လိုနေလဲလို့မေးနေတာကို...!"
ထိုအချိန်မှာပဲ အခန်းထဲကနေထွက်လာတဲ့အဖေ...။
"အဖေရောပဲ... *ပြွတ်*...."
ထိုနည်းလည်းကောင်းအဖေ့ပါးကိုလည်း အသံထွက်သည်အထိနမ်းလိုက်လေတော့ အဖေကလည်း အမေ့လိုမျက်လုံးပြူးလျက် တအံ့တဩကြည့်လို့လာပြန်သည်...။ ဒီကောင် ဒီနေ့စပ်ဖြီးဖြီးနဲ့ဘာဖြစ်နေမှန်းမသိဘူး ဆိုသည့်အကြည့်ဖြင့်...။
"ဟီး... ပျော်လို့...! အခန်းထဲသွားတော့မယ်နော်...!"
ရုတ်တရက်ကြီးအနမ်းခံလိုက်ရလို့ ကြောင်အသွားကြတဲ့ အဖေနဲ့အမေ့ကိုထားခဲ့ပြီး အပေါ်ထပ်ရှိကိုယ့်အခန်းဆီပြေးတက်လို့လာခဲ့သည်...။
ထိုအခါ အခန်းထဲကနေပြေးထွက်ကာ ကိုယ့်ကိုလာကြိုသည့် Yeontan...။
"လာ...! ငါ မင်းကိုပြောပြစရာတွေအများကြီးရှိတယ်...!"
Tan အား ကောက်ချီလိုက်ပြီး အခန်းထဲဝင်ကာ တံခါးကိုလောခ့်ချလိုက်သည်...။
ကိုယ့်အခန်းလေးဟာ သူနဲ့ပက်သက်တဲ့အတွေးတွေ၊ သူနဲ့ပက်သက်တဲ့ခံစားချက်တွေကို တစ်ယောက်တည်း အရူးတစ်ယောက်လို စိတ်လွတ်လက်လွတ်ထုတ်ပြောလို့ရတဲ့ကမ္ဘာငယ်လေး...။ ကိုယ်ပြောသမျှကောင်းကောင်းနားထောင်ပေးတဲ့ Tan လည်းရှိသည်...။
"ငါဒီနေ့ သူနဲ့ပြန်တွေ့ခဲ့တယ်...။ အရမ်း အရမ်း တွေ့ချင်နေတဲ့သူလေ..."
Tan လေးကို ကုတင်ပေါ်တင်လိုက်ပြီး ကိုယ်ကတော့ ကုတင်ရှေ့ထိုင်ချရင်း Tan ကိုကြည့်ကာဖြင့်ပြောနေမိသည်...။
"အပိုအနေနဲ့ သူ့နာမည်လည်းသိခဲ့ရသလို သူနဲ့ပါစကားပြောခဲ့ရသေးတယ်...။ နာမည်က ဂျွန်ဂျောင်ကုတဲ့..."