Episode-19

5.6K 516 285
                                    


#Unicode

"ကဲ.... ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲ။ အိမ်စာတွေလုပ်ခဲ့ကြဦးနော်....!"

အတန်းချိန်ပြီးလို့ ဆရာမထွက်သွားတဲ့အခါ ကျောင်းသားတွေအကုန်မတ်တပ်ထရပ်ကာ နှုတ်ဆက်ကြသည်...။ အဲ့အထဲမှာမှမတ်တပ်ထမရပ်ဘဲ စားပွဲပေါ်ပြုံးပြုံးကြီး လက်ထောက်ကာမေးတင်ထားတဲ့အနေအထားနဲ့ ထိုင်မြဲထိုင်နေဆဲဖြစ်သူကတော့ ထယ်ယောင်းပင်...။

ထိုအခါ ဘေးမှာရှိနေတဲ့ ဟိုဂျွန်းမှာ မျက်လုံးတစ်ချက်စွေကာကြည့်လို့လာကာ....

"ကင်ထယ်ယောင်းတို့ဘာတွေအဲ့လောက်အတွေးလွန်နေလဲမသိဘူး။ စာသင်နေတဲ့တစ်လျှောက်လုံး ရယ်စရာလည်းမပါပါဘဲပြုံးဖြီးနေတာ အခုဆရာမထွက်သွားတဲ့အထိပဲ။ တော်သေးတာပေါ့၊ နောက်ဆုံးတန်းမှာမို့လို့ ဆရာမက မမြင်တာ..."

"ဘာအတွေးလွန်ရမှာလဲ၊ သူ့ crush ကြီးအကြောင်းပဲနေမှာပေါ့။ ဘာလဲ အခြေအနေတွေတိုးတက်လာလို့ အပျော်ဆို့နေတာလား...!?"

ခုံမှာပြန်ထိုင်ရင်းမဲ့ရွဲ့ကာပြောလာသည့် ဆန်းမင်းစကားအဆုံးမှာတော့ ထယ်ယောင်း မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြစ်သွားရပြီး...

"အဲဒီ့လောက်တောင်သိသာနေတာလား....?"

"အေး...!"

မျက်လုံးအပြူးသားလေးနဲ့မေးလာသော ထယ်ယောင်းကို ဆန်းမင်းတစ်ယောက်စိတ်လေစွာသာပြန်ဖြေလိုက်သည်...။

"ဒီနေ့မနက်လည်း ကျောင်းကို မင်း စီနီယာဂျောင်ကုနဲ့အတူရောက်လာတာလေ။ မသိသာစရာရှိမလား။ ကဲ ပြော...! အခြေအနေကဘယ်လောက်တောင်တိုးတက်လာလို့လဲ....?"

ထိုအခါ ထယ်ယောင်းရဲ့မျက်နှာမှာ အပြုံးလေးတွေ တစ်ဖန်ပွင့်လန်းလာခဲ့ရင်း....

"သူက.... သူက ငါ့ကိုချစ်တယ်တဲ့။ သူ့မှာ ငါထင်ထားသလို ရည်းစားလည်းမရှိဘူး။ သူကြိုက်နေတဲ့သူက ငါတဲ့။ ငါ့ကိုဝန်ခံထားတယ်..."

"ထင်သားပဲ...။ စီနီယာဂျောင်ကု မင်းကိုအရက်ဆိုင်ကနေလာခေါ်သွားကတည်းက သူလည်းမင်းအပေါ်တစ်ခုခုတော့ရှိနေတယ်ဆိုတာ ရိပ်မိသားပဲ..."

ဆန်းမင်းရဲ့စကားကြောင့် ထယ်ယောင်းမှာမျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရပြန်သည်...။

First Love (Completed)Where stories live. Discover now