Episode-20

5.7K 544 255
                                    


#Unicode

"မနက်ဖြန် ဘောလုံးပြိုင်ပွဲကိုလာမှာလား....?"

ပန်းချီဆွဲနေတဲ့ ကိုယ့်ဘေးနားမှာလာထိုင်ပြီး မေးလာသော သူ...။

ဒါဟာ သူရဲ့လုပ်နေကျအလုပ်တစ်ခုလိုဖြစ်လို့လာသည်...။ ပန်းချီဆွဲလေ့ကျင့်တဲ့အချိန်မို့ အခန်းထဲမှာကိုယ်ပန်းချီဆွဲနေပြီဆိုရင် ဆရာမရှိတုန်း အခန်းထဲဝင်ဝင်လာပြီး ကိုယ့်ဘေးမှာလာထိုင်နေတတ်တာ...။ ဘောလုံးပွဲအတွက်လေ့ကျင့်နေရမယ့်အချိန်မှာ မလေ့ကျင့်ဘဲနဲ့လေ...။

အခုလည်း ထုံးစံအတိုင်းပင်...။ ဘောလုံးပွဲအတွက်လေ့ကျင့်နေရမှာကို မလေ့ကျင့်ဘဲ ကိုယ့်အနားမှာရောက်နေခြင်း...။

"လာမှာ....။ ဒါပေမယ့် စီနီယာ့ကိုအားပေးဖို့မဟုတ်ဘူးနော်။ ကျွန်တော်တို့အတန်းကအသင်းကိုအားပေးဖို့လာမှာ..."

ကိုယ်ပြန်ဖြေလိုက်တဲ့စကားနောက် သူက ပြုံးတုံ့တုံ့ဖြစ်လို့သွားပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့်....

"ဟုတ်ပါပြီ..."

သူပြုံးသွားတဲ့အပြုံးဟာ ကိုယ့်စကားကိုမယုံဘူးဆိုတာပြနေတာမို့ ချောင်းတစ်ချက်ဟန့်လိုက်ရင်း စကားလမ်းကြောင်းလွှဲရတော့သည်...။

"ဘောလုံးပွဲကမနက်ဖြန်ကို၊ သွားမလေ့ကျင့်ဘူးလား...? အချိန်ရှိတိုင်း ဒီကိုပဲလာလာနေတာ...။ ကျွန်တော်တို့အတန်းက အသင်းဆို ဒီနေ့ ပန်းချီဆွဲလေ့ကျင့်ဖို့တောင်မလာကြဘူး...။ ‌ဘောလုံးကွင်းမှာသွားလေ့ကျင့်နေကြတာ...။ ဒီလိုနဲ့ ရှုံးရင်ဘယ်လိုလုပ်မလဲ....?"

ပန်းချီဆွဲနေရင်း သူ့ကိုမကြည့်ဘဲ မေးလိုက်သော ကိုယ်...။

"ထယ်လာမှာမလား...၊ ထယ်လာရင် ကိုယ်ကမရှုံးပါဘူး။ ထယ်သာ ကိုယ့်ဘေးမှာရှိနေမယ်ဆိုရင် ကိုယ်ကအရာအားလုံးကိုအောင်နိုင်တဲ့ယုံကြည်ချက်ရှိတယ်..."

ချက်ချင်းပင်ပြန်ဖြေလာတဲ့သူ့အဖြေမှာ ပန်းချီဆွဲနေရင်းနှင့်ပင် ကိုယ့်ရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားရပြီး သူ့ကိုလှည့်ကြည့်လိုက်မိသည်...။

ချိုသာတဲ့အပြုံးလေးပြုံးရင်း ကိုယ့်ကိုကြည့်လို့နေတဲ့သူ...။ ထိုင်နေရာကနေထလာကာ ကိုယ့်အနားကိုတဖြည်းဖြည်းချင်းလျှောက်လို့လာသည်...။ ထို့နောက် သူ့ကိုလှည့်ကြည့်နေတဲ့ကိုယ့်မျက်နှာအရှေ့ တည့်တည့်သို့ ခန္ဓာကိုယ်ကိုကိုင်းချလာလေတော့ တစ်စင်တီမီတာတောင်မရှိတော့တဲ့အကွာအဝေးနဲ့အတူ နီးကပ်သွားတဲ့ ကိုယ်တို့မျက်နှာနှစ်ခု...။

First Love (Completed)Where stories live. Discover now