#Unicodeစာမေးပွဲရာသီပြီးသွားတဲ့အချိန် အနုပညာမေဂျာ ပန်းချီအထူးပြု ပထမနှစ်စာမေးပွဲဖြေပြီးလို့ ကိုယ်က ဒုတိယနှစ်ကိုဆက်လက်တက်ရောက်ရမှာဖြစ်ပေမယ့် Civil Engineering Final Year ဖြေပြီးသွားပြီဖြစ်တဲ့ ကိုကတော့ အခု ကျောင်းပြီးသွားပြီဖြစ်သည်...။
ကျောင်းကစာတွေနဲ့ပဲလုံးပန်းနေရလို့ အပြင်ကိုထွက်ပြီးဒိတ်မလုပ်နိုင်တဲ့ ကိုယ်တို့နှစ်ယောက်က အခု စာမေးပွဲတွေအသီးသီးပြီးလို့ ကျောင်းပိတ်သွားတော့မှပဲ အပြင်ထွက်လည်လို့ရတော့သည်...။
ချစ်သူစုံတွဲတွေဒိတ်လုပ်ဖို့ဆို ဆိုးလ်မှာဟန်မြစ်က အကောင်းဆုံးနေရာဖြစ်သည်...။ ဒါကြောင့်မို့ မနက်ပိုင်း နေ့လယ်ပိုင်း ညနေပိုင်း အချိန်မရွေး ဟန်မြစ်ဟာ စုံတွဲတွေနဲ့ပြည့်နှက်လို့နေတတ်သည်...။ ကိုယ်တို့သည်လည်း ထိုနည်းလည်းကောင်း...။
ဆောင်းရာသီဖြစ်တာနဲ့အညီ ဟန်မြစ်ဘေးလမ်းလျှောက်ရင်း မြစ်ဘက်ကနေ ဖြတ်တိုက်လို့လာသော လေတွေဟာ အေးစက်စက်...။ အင်္ကျီအမည်း ဘောင်းဘီအမည်း long coat အမည်းနှင့် All Black ဝတ်ဆင်ထားသည့် ကိုသည် ဆွဲကိုင်ထားသောကိုယ့်ရဲ့ဘယ်ဘက်လက်အား သူ့ရဲ့ long coat အင်္ကျီအိတ်ကပ်ထဲထည့်ပေးထားသည်...။ ကိုယ်အေးနေမှာစိုးလို့တဲ့လေ...။
ထို့အပြင် ဂျင်းဘောင်းဘီနှင့်အဖြူရောင်တီရှပ်အင်္ကျီကို အပေါ်ကနေ နက်ပြာရောင်အနွေးထည်လေးထပ်ကာဝတ်ထားသည့် ကိုယ့်အား ပါးပါးလေးဝတ်လာတယ်လို့ဆိုကာ သူ့ရဲ့မာဖလာကိုလည်း လည်ပင်းမှာပတ်ပေးထားသေးသည်...။ အနွေးထည်ကထူပါတယ်လို့ပြောလည်းမရ...။
ပြီးတော့ တစ်ခုရှိသေးသည်။ All black ဝတ်ထားတဲ့ကိုက ကိုယ်ပေးထားတဲ့ အမည်းရောင်မျက်မှန်ကိုင်းလေးကို သူ့အကျင့်အတိုင်း အင်္ကျီရင်ဘတ်မှာချိတ်ထားပါသေးသည်...။
"ကို..."
"ဗျာ...?"
"ဒီနေ့ ညစာကိုလေ ထယ့်မိဘတွေရော ကို့အမေရောနဲ့ နှစ်ဖက်မိသားစုအားလုံးအတူတူ စားကြရင်မကောင်းဘူးလား....။ အဲ့လိုမစားရတာလည်းကြာပြီ။ ပြီးတော့ နောက်ပိုင်း ကိုက အလုပ်တွေနဲ့၊ ထယ်ကစာတွေနဲ့ မအားတော့ရင် အကုန်လုံးအတူတူတွေ့ဖို့ကခက်သွားပြီ..."