Episode-27

4.7K 414 375
                                    


#Unicode

"ဒီအိမ်လေးရော ဘယ်လိုနေလဲ...? သဘောကျလား ထယ်...?"

ခပ်ကျယ်ကျယ်ခြံဝန်းလေးပါသော ချစ်စရာနှစ်ထပ်တိုက်အိမ်အဖြူရောင်လေးထဲ တာဝန်ခံတစ်ယောက်နဲ့အတူ ဝင်ကြည့်ရင်း ကိုက မေးလို့လာသည်...။

အခုတလော ကိုယ်တို့နှစ်ယောက်မှာအလုပ်ရှုပ်လို့နေသည်...။ မင်္ဂလာပွဲအတွက်ပြင်ဆင်နေရတာကြောင့်...။ ဒါ့အပြင် လက်ထပ်ပြီးရင် တည်ဆောက်မယ့် နှစ်ယောက်တစ်ဘဝအတွက်လည်း ပြင်ဆင်နေရသည်...။ အခုလည်း လက်ထပ်ပြီးရင်နေဖို့ ကိုယ်တို့နှစ်ယောက်ရဲ့သီးသန့်ကမ္ဘာငယ်လေးဖြစ်လာမယ့် အိမ်ကလေးအား လိုက်ကြည့်နေခြင်း...။

နှစ်ဖက်မိဘတွေနဲ့အဝေးမှာလည်းမနေချင်တာကြောင့် ကိုယ်တို့နှစ်ယောက်လုံး မိဘတွေနဲ့နီးတဲ့ ဒီရပ်ကွက်ထဲမှာပဲနေဖို့ဆုံးဖြတ်ထားသည်...။ ဒါ့ကြောင့် ဒီရပ်ကွက်ထဲက ရောင်းမယ့် အိမ်အသစ်လေးတွေကိုလိုက်ကြည့်နေရာ ဒါနဲ့ဆို သုံးအိမ်မြောက်...။

ကို့အမေးကြောင့် အိမ်ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်...။ အောက်ထပ်မှာ ဧည့်ခန်း၊ မီးဖိုခန်းနဲ့ အိပ်ခန်းတစ်ခန်းပါပြီး အပေါ်ထပ်မှာတော့ အိပ်ခန်း နှစ်ခန်းနဲ့ အခန်းလွတ်တစ်ခန်းပါသည်...။ အိမ်လေးရဲ့ဖွဲ့စည်းပုံမှာ ချစ်စရာကောင်းပြီး အရမ်းကြီးလည်းမကျယ်၊ အရမ်းကြီးလည်းမကျဉ်းသည့် အနေအထားမို့ နှစ်ယောက်အတူနေဖို့ဆို အဆင်ပြေလှသည်...။

"အိမ်လေးကချစ်စရာလေး...။ ထယ် ကြိုက်တယ်...။ ဒါလေးပဲဝယ်ရအောင်..."

ဘေးက ကို့အားမော့ကာကြည့်ရင်း မျက်လုံးလက်လက်ကလေးတွေနဲ့ဆိုလေတော့ ကိုက ရယ်လို့လာသည်...။

"အဲဒီ့လောက်တောင် သဘောကျတာလား...?"

"အင်း... အများကြီး..."

"ဒါဆို... ဒီအိမ်နဲ့ကိုယ်ဆိုရင်ရော... ဘာကိုပိုသဘောကျလဲ...?"

ဘေးမှာ တာဝန်ခံရှိနေတာတောင်မှ ဒီလိုမေးခွန်းမျိုးမေးလာတဲ့ ကိုပါလေ...။ တော်သေးတာက တာဝန်ခံက သူ့အာရုံနဲ့သူမကြားလို့...။

"ဒီအိမ်ကိုဝယ်ပေးမယ့် ကို့ကို ပိုသဘောကျတာ...။ ရပြီလား...?"

ကို့လက်တစ်ဖက်ကိုဆွဲကိုင်လိုက်ရင်း အပြတ်အသတ်ချွဲနွဲကာ ပြောလိုက်တော့မှ ကျေနပ်သွားသည့်ကိုသည် ပါးချိုင့်တွေပေါ်သည်အထိ ပြုံးလေ၏...။

First Love (Completed)Where stories live. Discover now