Episode-7

5.5K 551 186
                                    


#Unicode

"ဝါး ကင်ထယ်ယောင်းတို့ စာတွေကြိုးစားနေတာပဲ...! ဒီနေ့ စာမေးပွဲဖြေပြီးလို့ မေးခွန်းနဲ့အဖြေတွေတိုက်တာ ကင်ထယ်ယောင်း အကုန်မှန်တယ်...! ဒီလိုနဲ့ မင်း ဒီနှစ်ဝက်စာမေးပွဲမှာ အဆင့်တွေထက်တက်ဦးမှာမဟုတ်ဘူးလား...?"

အထက်တန်းပထမနှစ် စာသင်နှစ် တစ်ဝက်ကျိုးပြီဖြစ်၍ နှစ်ဝက်စာမေးပွဲဖြေနေရပြီဖြစ်သည်...။ ဒီနေ့ နောက်ဆုံးဘာသာဖြေပြီးလို့ ညနေဘက်ကျောင်းကနေ အိမ်သို့ပြန်အလာ လမ်းတွင် ဟိုဂျွန်းက စပြီးပြောလာခြင်း...။

"အော် မင်းကလည်း သူက ဆိုးလ်တက္ကသိုလ်အထိသွားမှာလေကွာ...! သူ့ crush ကြီးရှိတဲ့ဆိုးလ်တက္ကသိုလ်...!"

ထုံးစံအတိုင်း လေပေါတဲ့ လီဆန်းမင်းက ပြန်ငေါ့လို့လာလေ၏...။

ကိုယ်ကတော့ သူတို့နှစ်ယောက်ကြားအလယ်ကနေ လျှောက်လာခဲ့ရင်း ဘာမှပြန်မပြောဘဲ ခေါင်းသာခါနေလိုက်တော့သည်...။ စာမေးပွဲဖြေနိုင်လို့ ပျော်နေတဲ့စိတ်လေးတွေ ဒီကောင်တွေကြောင့် ပျက်စီးမသွားချင်ပါ...။

အခုချိန် ကိုယ့်စိတ်ထဲမှာရှိတာက အိမ်ရောက်တာနဲ့ သူ့ဆီစာလှမ်းပို့ဖို့...။ ဒီနေ့ဖြေရမယ့်ဘာသာအတွက် ညက သူ့ကိုစာလှမ်းပို့ပြီးသိချင်တာလေးတွေမေးခဲ့ရာ ဒီလို ဒီလိုတွေမေးတတ်တယ်ဆိုပြီး သူပြန်ရှင်းပြတဲ့အပုဒ်တွေ၊ တခြားပုစ္ဆာတွေထက် သေသေချာချာကြည့်ထားသင့်ကြောင်းသူပြောပြတဲ့အပုဒ်တွေက ဒီနေ့စာမေးပွဲတွင် သူပြောတဲ့အတိုင်း တည့်ပင်ပါလို့လာသည်...။

ဒါကြောင့် ဒီနေ့စာမေးပွဲကိုတော့ ကောင်းကောင်းကြီးကိုဖြေနိုင်ခဲ့တဲ့အကြောင်း သူ့ဆီစာလှမ်းပို့ပြီးပြောရမည်...။

"ငါသွားပြီ ဟေ့ကောင်တွေ...!"

ကိုယ်နေတဲ့လမ်းထိပ်ရောက်တာနဲ့ ဘေးကနှစ်ကောင်ကိုကြည့်ပင်ကြည့်မနေတော့ဘဲ လက်ပြပြီးသာနှုတ်ဆက်ပြီး လျှောက်လာခဲ့‌လိုက်တော့သည်...။

ထိုအခါ အနောက်ကနေမကျေနပ်သံတွေက ထွက်လို့လာ၏...။

'ကင်ထယ်ယောင်းတို့ ဆေးကိုမမှီတော့ဘူး' တဲ့...။

First Love (Completed)Where stories live. Discover now