#Unicodeကို ဘွဲ့ယူသည့်နေ့...။ အဖေနဲ့အမေကလည်း ကို့ကိုဂုဏ်ပြုဖို့ဆိုပြီး ကိုယ်နဲ့အတူတူလိုက်လာကြသည်...။ သူတို့က ကို့ကိုဆို သူတို့ရဲ့သားအရင်းလိုပဲသိပ်ချစ်ကြတာ...။ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရာ ဆိုးလ်တက္ကသိုလ်ထဲဝင်လာလိုက်လေတော့ တက္ကသိုလ်ရဲ့ပန်းခြံတွေ ကွင်းပြင်တွေ နေရာအနှံ့အပြားမှာ ဘွဲ့ဝတ်စုံဝတ်ထားသည့် ကျောင်းသားတွေနဲ့ ထိုကျောင်းသားတွေအနား ဂုဏ်ယူတဲ့အပြုံးတွေဖြင့်ရှိနေကြသော မိဘတွေကိုအသီးသီးတွေ့ရသည်...။
ထိုလူတွေဖြတ်လာပြီးတဲ့နောက် တက္ကသိုလ်အဆောက်အဦးအပြင်ဘက် အရှေ့အနားမှာ စီနီယာမင်ဝူး၊ စီနီယာဂျွန်စောတို့နဲ့အတူ စကားပြောနေသော ကို့ကိုတွေ့လိုက်ရသည်...။ ဘေးမှာ ကို့အမေလည်းရှိနေပါ၏...။
"ဂုဏ်ပြုပါတယ် သား..."
အနားကိုရောက်တာနဲ့ အဖေနဲ့အမေက ကို့အား ဂုဏ်ပြုစကားဆိုကြတော့သည်...။ ဘေးမှာရပ်နေသည့် ကို့အမေနဲ့လည်းစကားတွေပြောရင်း ရယ်မောနေကြလျက်...။
"Congratulations ပါ ကို..."
လက်ထဲသယ်လာခဲ့တဲ့ Lily Of The Valley ပန်းစည်းလေးအား ကို့ကိုပေးလိုက်ရင်း ပြုံးလျက်ဆိုလိုက်လေတော့ ကိုကလည်း ထိုပန်းစည်းလေးကိုကြည့်ကာပြုံးပြီး လှမ်းယူလေသည်...။
ဘွဲ့ဝတ်စုံလေးနဲ့ကိုက ဒီနေ့ အရမ်းကိုကြည့်ကောင်းနေတော့တာ...။ အပြုံးလေးတွေကလည်းသိပ်ကိုအသက်ဝင်နေတော့တာ...။
"ဒါပဲလား... လက်ဆောင်က...?"
လက်ထဲက Lily Of The Valley ပန်းစည်းလေးကိုမြှောက်ပြပြီးမေးလာတဲ့သူ...။ တစ်ချက်ရယ်လိုက်ရင်း...
"ဒါပဲပေါ့၊ ဘာထပ်လိုချင်သေးလို့လဲ...? လူတစ်ယောက်လုံးတောင် အပိုင်ရထားပြီးပြီကို..."
ကိုယ့်စကားကိုသဘောကျစွာပြုံးလို့လာတဲ့ကိုသည် ခေါင်းလေးကိုပါငြိမ့်လို့လာသည်...။
"ဟုတ်တာပေါ့..."
ထို့နောက် ကိုယ့်နားအနားတိုးလို့လာလေတော့ တစ်ခုခုများပြောမလို့လားဆိုတဲ့အတွေးနှင့် ကိုယ်ကလည်းသူ့အနားတိုးသွားလိုက်ရာ သူပြောလာတာက...