#Unicode"ရား...! မင်းတို့ကောင်တွေ အစားပဲစားမနေနဲ့...! မနက်ဖြန်သူ့မွေးနေ့မှာ ဘာလက်ဆောင်ပေးရမလဲဆိုတာ ငါ့ကိုနည်းနည်းပါးပါးဝိုင်းကူပြီးစဉ်းစားပေးကြပါဦးဆို...!"
နေ့လယ်စာစားချိန် ကျောင်းက canteen ရှိ ဝိုင်းတစ်ဝိုင်းတွင်ထိုင်ရင်း မနက်ဖြန်သူ့မွေးနေ့မှာဘာလက်ဆောင်ပေးရမလဲဆိုတာထိုင်စဉ်းစားနေမိသည်မှာ ကိုယ့်အရှေ့က ထမင်းပန်းကန်ပင်အရာမယွင်းသေးပေ...။
မနေ့ညကလည်း ထိုအတွေးနဲ့ပင်ညလုံးပေါက်...။ ဒါပေမယ့် အခုထိ အိုင်ဒီယာကထွက်မလာတာမို့ အရှေ့ကသူငယ်ချင်းလေးနှစ်ယောက်အား အားကိုးဖို့ကြံပါတယ်ဆိုမှ သူတို့နှစ်ကောင်က ခေါင်းငုံ့ပြီး အစားကိုသာတစ်ဖြဲနှစ်ဖြဲစားလို့နေသည်...။
"မင်းပြောတော့ စီနီယာဂျောင်ကုက မွေးနေ့တွေဘာတွေစိတ်မဝင်စားဘူးဆို...။ အဲဒီ့တော့ မင်း မွေးနေ့လက်ဆောင်သွားပေးလည်း အလကားပဲမဟုတ်ဘူးလား...?"
ပလုပ်ပလောင်းနဲ့ဆိုလို့လာသည့် လီဆန်းမင်း...။
"မွေးနေ့တွေဘာတွေစိတ်မဝင်စားဘူးဆိုတာနဲ့ လက်ဆောင်မပေးရတော့ဘူးလား...? ငါ့ဘက်က လက်ဆောင်ကောင်းကောင်းလေးပေးရင် သူလည်းတန်ဖိုးထားမှာပါ...။ အဲဒါကြောင့် အမှတ်တရဖြစ်အောင် ဘယ်လိုလက်ဆောင်လေးပေးရမလဲဆိုတာ မင်းတို့နဲ့တိုင်ပင်နေတာ...!"
ပြောလိုက်ပြန်သော်လည်း အစားကိုသာငုံ့စားနေကြပြန်သည့် နှစ်ကောင်...။
အမြင်ကပ်ကပ်နဲ့ အရှေ့ကထိုပန်းကန်နှစ်ပန်းကန်အား ကိုယ့်ဘက်ဆွဲကာယူလိုက်သည်...။ ထိုအခါမှပဲ ထိုနှစ်ကောင်ရဲ့အကြည့်က ကိုယ့်ဆီရောက်လို့လာ၏...။
"မင်းတို့ကို ဒါတွေဘယ်သူဝယ်ကျွေးထားတာလဲ...?"
"အဟီး... မင်းလေ..."
"အေး အဲဒါဆို ငါပြောတဲ့စကားကိုနားထောင်။ ငါ့ကိုအကြံဉာဏ်ပေး ကြားလား...?"
"အေးပါကွာ အေးပါ။ ငါတို့မင်းကိုအကြံဉာဏ်ပေးပါ့မယ်။ ဒါပေမယ့် ငါတို့ထမင်းပန်းကန်လေးတွေကိုတော့ ငါတို့ဆီအရင်ပြန်ပေးနော်..."