အခန်း(၂၁)

332 43 2
                                    

အခန်း(၂၁)

ကိုက်ရာအမှတ်အသား ဒဏ္ဍာရီ။




Long Feiye ၏ ဘဝတွင် နောင်တရဆုံးကိစ္စမှာ အိမ်ထောင်ရေးမှ ထွက်ပြေးလာသည့် ဂျာမနီမှ ဝမ်းကွဲကို အကာအကွယ်ပေးထားခြင်းမိပင်။

အကယ်၍ Tang Li မှ အချိန်မရွေး လာရောက် နှုတ်ဆက်ခဲ့လျှင်တောင် သူ၏ ကြောင်ကို အတူ မခေါ်လာသည်က ပိုကောင်းနိုင်သည်။ တိရိစ္ဆာန်များကိုမချစ်တတ်သော အလွန်အကျွံ အသန့်ကြိုက်သူ Long Feiye အတွက်၊ ဤသည်မှာ နှိပ်စက်မှုတစ်မျိုးပင်။

ဓာတ်လှေကားဘေးမှာ ရပ်လိုက်ပြီး တံခါးဖွင့်ရန် ကိုယ်တိုင် ခလုတ်ကို နှိပ်လိုက်သည်။ "မင်းရဲ့ကြောင်ကို ခေါ်သွားပြီး ချက်ချင်းပျောက်သွားဖို့ ငါတစ်မိနစ် အချိန်ပေးမယ်။ မဟုတ်ရင် မင်းကို စေ့စပ်ဖို့ ငါကိုယ်တိုင် ပြန်ခေါ်သွားလိုက်မယ်။"

Tang Li မှာ Long Feiye ထံမှ သတိပေးခံရခြင်းကို နေသားကျနေပြီး မည်သို့မှ တုံ့ပြန်မှုမရှိပေ။ သူ၏ လက်ထဲတွင်ရှိသော ကြောင်ငယ်လေးမှာ  Long Feiye ၏အသံကိုကြားလိုက်ရသောအခါ အမွှေးများ ထောင်လာတော့သည်။ ကြောင်ငယ်လေးကို နှစ်သိမ့်ပေးရင်း Tang Li မှာ မတ်တပ်ထရပ်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ "အစ်ကို၊ အစ်ကို၊ ဒီနေ့ မင်းကို ဂုဏ်ပြုဖို့ ငါ ဒီကို အထူးတလည် လာခဲ့တာ။ ရှန်ပိန်တောင် ယူလာသေးတယ်။"

Long Feiye မှာ အေးစက်သော မျက်နှာဖြင့် လက်ကို မြှောက်လိုက်ပြီး နာရီကြည့်လိုက်သည်။

Tang Li မှာ အလျင်စလိုမဖြစ်သေးပဲ အပြုံးဖြင့် မေးလိုက်သည်။ "အစ်ကို၊ မင်း ဒီနေ့လက်အိတ်မဝတ်ထားဘူး။ အရင်ဘဝက မင်းကိုကိုက်ခဲ့တဲ့လူနဲ့တွေ့ခဲ့တာဖြစ်နိုင်မလား။"

Long Feiye မှာ ကျားပါးစပ်ပေါ်ရှိ ကိုက်ရာကဲ့သို့ မွေးမှတ်ကို ဖုံးကွယ်ရန် အပြင်ထွက်ချိန်တွင် များသောအားဖြင့် လက်တစ်ဝက်လက်အိတ်ကို ဝတ်ဆင်လေ့ရှိသည်။ ယနေ့တော့ အဆိပ်မိပြီး သတိလစ်သွားကာ ဆေးရုံသို့ အလျင်စလို ပို့ခံလိုက်ရသည်။ မဟုတ်လျှင် Han Yunxi မှာ ၎င်းကို မြင်လိုက်ရမည် မဟုတ်ပေ။

ခွဲစိတ်ခြင်းမပြုရန်နှင့် ဤကိုက်ခံရသကဲ့သို့ မွေးရာပါအမှတ်အသားကို ချန်ထားရန် သူက အမြဲတစေ ခေါင်းမာနေသဖြင့် Tang Li မှာ သူ့အား တစ်ခဏမျှ နတ်ဆိုးပူးကပ်ခံရသည်ဟု အမြဲတစေ ခံစားခဲ့ရသောကြောင့် Long Feiye ကိုကယ်တင်ရန် ကမ္ဘာတစ်ဝှမ်းရှိ ဓမ္မဆရာများကိုပင် ရှာဖွေခဲ့သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now