အခန်း(၂၅)

458 43 6
                                    

အခန်း(၂၅)

ဆုံးရှုံးမှု။






Han Yunxi ၏ လှူဒါန်းမှုမှာ ဝေ့ပေါ်တွင်  အကြီးကျယ်ဆုံး သတင်း ဖြစ်ခဲ့ရုံသာမက မီဒီယာ အသီးသီးတွင်လည်း ခေါင်းကြီးပိုင်းများ ဖြစ်လာသည်။ သဘာဝကျစွာပင် Long Feiye မှာ ၎င်းကိုမြင်သည်မှာ ကြာပြီပင်။ ထိုအချိန်တွင် သူက Han  Yunxi  ထံမှ လှည့်စား ခံလိုက်ရကြောင်း လုံး၀ ယုံကြည်သွားတော့သည်။

သတင်း၏ ရေပန်းစားမှုမှာ  သုံးရက်ကြာသည်အထိ မကျဆင်းသေးပေ။ ယခင်အရှုပ်တော်ပုံများနှင့် ပတ်သက်၍မူ မည်သူမျှ မမှတ်မိတော့ပေ။

Tang Li မှာ သက်သေရှာရန် အလုပ်များနေပြီး Long Feiye ကို အနှောက်အယှက်မပေးနိုင်သဖြင့် Long Feiye မှာ ပိုမို အေးချမ်းနေသည်။

တနင်္ဂနွေညတွင်၊ Long Feiye မှာ ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်သော ပြတင်းပေါက်ကြီးအောက်တွင် ထိုင်ကာ သူ၏ Notebook ကိုင်၍ သတင်းများကို ရှာဖွေနေသည်။ သူက အလှူငွေ မီလီယံ ၁၀၀ ဖြင့် ပတ်သက်သော သတင်းများ ထပ်တွေ့လိုက်ရပြန်သည်။

သတင်းများစွာရှိသော်လည်း Han  Yunxi မှာ အင်တာဗျူးအားလုံးကို ငြင်းဆိုထားသည်။ သတင်းများအားလုံးမှာ အပေါ်ယံသာဖြစ်ပြီး အတွင်းကျကျမဟုတ်ပေ။

Long Feiye မှာ ကြည့်နေရင်း Han Yunxi  မှ အလုပ်ကတ်ပြားကို လွှင့်ပစ်လိုက်သည့် မြင်ကွင်းမှာ စိတ်ထဲတွင် ပေါ်လာသည်။ လင်းယွင် ဆေးရုံသို့ လူဘယ်နှစ်ယောက်မှ ဝင်ရောက်ရန် ကြိုးစားနေသည်လဲ။ သို့တိုင် သူမက အမှန်တကယ်ထွက်သွားချင် နေခဲ့သည်။

လင်းယွင်မှာ သူမအား ထိန်းချုပ်ထားသည့် စာချုပ်တစ်ခု ရေးထိုးခဲ့လျှင်ပင်၊ စာချုပ်ပါစည်းကမ်းချက်များကို ပြုပြင်ပြောင်းလဲရန်နှင့် ရက်ရက်ရောရော ဆုကြေးများ ပေးချေရန် သူ့အား တောင်းဆိုကာ သူမက အခွင့်အရေးယူနိုင်သည်။ ဘာကြောင့် ဤသို့ လုပ်ခဲ့ရသည်လဲ။

ဆေးပညာနယ်ပယ်ဖြင့်ပင် မပတ်သက်တော့ပဲ ထွက်သွားရန်ပင် တတ်နိုင်ခဲ့သည်။

သူ၏ ရွံရှာမှုကို နှိုးဆွစေနိုင်ရန် သူမ၏ မရေရာမှု ပြသရန် သူ၏ လက်ကို တမင် ပွတ်သပ်ခဲ့ပြီး စာချုပ်ကို ရပ်စဲရန် အခွင့်အရေးယူကာ မီလီယံ ၁၀၀ ကို လှည့်စားခဲ့သည်။ သို့သော် ယခု သူမ လိုချင်သော အရာမှာ ငွေလည်းမဟုတ်ဟု ထင်ရစေသည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now