အခန်း(၅)
ရင်းနှီးမှု။
Han Yunxi မှာ အမြဲတစေ မှတ်ဉာဏ်ကောင်းပြီး လင်းယွင်အုပ်စု၏ အလားအလာရှိ၍ ငယ်ရွယ်ကာ ကျော်ကြားသော ဤသူဌေးနှင့် မတွေ့ဆုံခဲ့ဖူးကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
သို့သော် ယခုအခိုက်အတန့်ရှိ ရင်းနှီးမှုမှာ အလွန်မှန်ကန်နေသည်။ ညသန်းခေါင် အိပ်မက်မှ ပြန်ရောက်လာသကဲ့သို့ ခံစားလိုက်ရသော်လည်း ဘယ်အချိန် သို့မဟုတ် ဘယ်နေရာမှ ပြန်လာခဲ့မှန်း မသိတော့ပေ။
Han Yunxi မှာ အံ့အားသင့်နေတော့သည်...
Long Feiye ၏ မှတ်ဉာဏ်များမှာ မေ့မြောနေဆဲဖြစ်ကာ ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အနည်းငယ်မှ မသိတော့ပေ။
သူက အောက်ရှိလူကို အေးစက်စွာကြည့်ရင်း သူ၏ ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများကို လျစ်လျူရှုထားလေသည်။
"မင်း ဘယ်သူလဲ။"
သူက ရေရွတ်လိုက်ပြီး သူ၏ အသံမှာ နိမ့်ကာ ကြမ်းရှနေ၍ ဆွဲဆောင်မှုလည်း ရှိလှသည်။
Han Yunxi မှာ နောက်ဆုံးတွင် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိလာပြီး ဒေါသတကြီး ပြောလိုက်လေသည်။ "ကျွန်မက ဆရာဝန်တစ်ယောက် ကျွန်မကို လွှတ်ပေး။"
ဘယ်သူသိမည်လဲ။ သူမကို လွှတ်ပေးမည့်အစား Long Feiye မှာ သူမအပေါ် ဖိကာ အားမဲ့စွာ လှဲချလိုက်လေသည်။
Han Yunxi မှာ အံ့အားသင့်သွားကာ သူမ၏မျက်နှာတစ်ခုလုံး ချက်ချင်းနီရဲသွားတော့သည်။
အကြောင်းမှာ... သူက ဖိချလိုက်သည်နှင့် စိတ်ကြွဆေးကြောင့် ဖြစ်ပေါ်လာသော သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်နေရာမှ ကြီးမားသော တုံ့ပြန်မှုကို ခံစားမိလိုက်ရသောကြောင့်ပင်။
ဆရာဝန်တစ်ယောက်အနေဖြင့် Han Yunxi မှာ မည်သည့်အချိန်ကမှ မမြင်ဖူးခဲ့ပေ။
သူမ၏မျက်လုံးများတွင် လူနာများမှာ အမျိုးသားနှင့်အမျိုးသမီးကြားတွင် မခွဲခြားဘဲ သူတို့၏ရောဂါ၏ ပြင်းထန်မှုသာ ခွဲခြားနိုင်သည်။
သို့ရာတွင် ဤတစ်ကြိမ်တော့ မတူပေ။
သူမ အလွန်ကြောက်ရွံ့ကာ မလှုပ်ဝံ့တော့ပဲ နှလုံးသား ကြိမ်းတမ်းစွာ ခုန်ပေါက်နေစဥ် Long Feiye မှာမူ ထပ်မံ သတိမေ့မြောသွားပြန်သည်။

YOU ARE READING
မြင်မြင်ချင်း အချစ်
Romanceဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။