အခန်း(၁၅)

484 48 4
                                    

အခန်း(၁၅)

အစ်ကို ငါ့ကို ကူညီပါဦး။





Long Feiye မှာ ဒုက္ခကို မကြောက်ပဲ အမျိုးသမီးများနှင့် ရောယှက်ခြင်းရကိုသာ မုန်းတီးသူပင်။

သူက တုံ့ဆိုင်းမနေပဲ Han Yunxi ၏ နှုတ်ပိတ်ခငွေ ၁၀၀ မီလီယံ တောင်းခံမှုကို တိုက်ရိုက်သဘောတူလိုက်သည်။ သို့သော်၊ Han Yunxi အား ဆေးဘက်ဆိုင်ရာနယ်ပယ်ရှိ မည်သည့်အလုပ်တွင်မှ အနှစ်နှစ်ဆယ်ကြာ မပါဝင်ရန် ရှေ့နေလော့ ထက်ပင် ပိုမိုပြင်းထန်သည့် အခြေအနေတစ်ခုကို ထပ်လောင်းထည့်သွင်းခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍ Gu Beiyue မှာ မည်သည့်ကန့်ကွက်ချက်ကိုမျှ မဖော်ပြတော့ပေ။ အဆုံးတွင် Gu Beiyue မှာ Han Yunxi ၏ ကိုယ်ကျင့်တရား မယုံကြည်တော့ပေ။ ဆေးပညာ အရည်အချင်း ဘယ်လောက်ပင် ကောင်းမွန်နေပါစေ စာရိတ္တမရှိသူသည် သူ၏ သနားခြင်းဖြင့် မထိုက်တန်ပေ။

Han Yunxi မှာလည်း မည်သည့်ကန့်ကွက်ချက်ကိုမျှ ထုတ်ဖော်ခြင်း မရှိပဲ အလွယ်တကူ သဘောတူခဲ့သည်။
"ဒါဆို မစ္စတာလုံကို လူကိုယ်တိုင်လာရောက်ပြီး သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ပေးပါ။" Ning Cheng မှာ သူက လေးနက်နေကြောင်း ဝန်ခံနိုင်သည်။

ရှေ့နေလော့ မှာ အားကိုးရာမဲ့ဖြစ်နေတော့သည်။ ""မစ္စတာလုံက လာဖို့ အရမ်းအလုပ်များနေတယ်။ ငါက သူ့အတွက် ယူသွားပြီး လက်မှတ်ထိုးပြီးမှ ဒေါက်တာဟန်ကို လက်မှတ်ထိုးဖို့ ပြန်ယူလာရင် ဘယ်လိုလဲ။ "

Ning Cheng မှာ Long Feiye မှ ဤမျှအချိန်နည်းနည်းလေးတောင် မရှိကြောင်း  မယုံနိုင်ပေ။ သူက တိုက်ရိုက်ပြောလိုက်သည်။ "ဆောရီး၊ အဲဒီလိုဖြစ်ရင် လက်ရေးနဲ့ လက်ဗွေတွေက မစ္စတာလုံ မှန်ရဲ့လားဆိုတာ မသေချာနိုင်ဘူး။ "

ရှေ့နေလော့ မှာ အကျပ်ရိုက်နေတော့သည်။ သူက လာရောက်ခဲ့ချိန်တွင် မစ္စတာလုံကို လူကိုယ်တိုင်လာမလား သို့မဟုတ် Han Yunxi လာခွင့်ပေးမလားလို့ မေးခဲ့သည်။ ကံမကောင်းစွာပဲ မစ္စတာလုံမှ ငြင်းခဲ့လေသည်။

ရှေ့နေလော့ မှာ နည်းလမ်းစဥ်းစားနေစဥ် Han  Yunxi မှ ပြောလိုက်သည်။ " ကျွန်မအရင်လက်မှတ်ထိုးမယ်။ Ning Cheng က နောက်မှ ရှင်နဲ့အတူ လိုက်လာပြီး စောင့်ကြည့်နေလိမ့်မယ်။”

မြင်မြင်ချင်း အချစ်Where stories live. Discover now