အခန်း(၂၆)
သူက မကျေနပ်ဘူး။
Han Yunxi မှာ Long Feiye ၏ရှေ့တွင် ရပ်လိုက်ပြီး ပရော်ဖက်ရှင်နယ်ဆန်ကာ ယဉ်ကျေးသော အပြုံးကို ထိန်းသိမ်းထားသည်။ သူမ မေးလိုက်လေသည်။ “လူကြီးမင်း၊ ကျွန်မကိုရှာနေတယ်လို့ ကြားတယ်။"
အဖြူရောင်ကုတ်အင်္ကျီကိုဝတ်ထားသော Han Yunxi တွင် လူများမှာ သူမ၏အသွင်အပြင်ကို လျစ်လျူရှုမထားနိုင်သော အရှိန်အဝါ တစ်ခုရှိသည်။ ယခုအချိန်တွင် သူမက ရိုးရှင်းသော တီရှပ်နှင့် ဘောင်းဘီတို (Hot Pant) ကို ၀တ်ဆင်ထားပြီး ဆံပင်ကို သာမာန်ကာလျှံကာ စည်းနှောင်ထားသည်။ သူမက ဆေးရုံ၌ ဝတ်စားသည့်ပုံစံထက် များစွာ နုပျိုပြီး ချစ်စရာကောင်းနေသည်။
Long Feiye မှာ သူမကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲပေါ်မှ မီနူးကို လျင်မြန်စွာ ယူလိုက်သည်။ ၎င်းကိုလှန်ကြည့်ရင်း သူက မေးလိုက်သည်။ “မင်းက Pastry Chef (မုန့်စားဖိုမှူး) လို့ ငါကြားတယ်။ မင်းမှာ အကြံပြုချင်တဲ့ မုန့်ရှိလား။”
“လူကြီးမင်း၊ တကယ်လို့ မှာယူချင်တယ်ဆိုရင် ကျွန်မ စားပွဲထိုးကို လာဖို့ ပြောလိုက်ပါ့မယ်။
Han Yunxi မှာ ပြောလိုက်ပြီး စားပွဲထိုးကို ခေါ်ရန် ပြင်လိုက်သော်လည်း Long Feiye မှာ သံလိုက်ကတ်ကို ထုတ်ကာ လက်ထဲတွင် ထည့်ရင်း ကစားလိုက်သည်။ Han Yunxi မှာ သူမ၏အလုပ်ကတ်နှင့်အတူ လွှင့်ပစ်မိခဲ့သော ဝင်ခွင့်ကတ်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်လေသည်။
"ဒါဆို ရှင် ကောက်ထားတာပေါ့။"
သူမ အံ့သြသွားပြီး ၎င်းကို ယူရန် လက်လှမ်းလိုက်သော်လည်း Long Feiye မှာ ရှောင်လိုက်လေသည်။ သူက လက်ကိုင်ဖုန်းကို ထုတ်ကာ Han Yunxi အား စောင့်ကြည့် ဗီဒီယိုအတိုကို ပြသလိုက်သည်။ ဤစောင့်ကြည့်ဗီဒီယိုအား လင်းယွင်ဆေးရုံ၏ ပြင်ပလူနာခန်းမအတွင်းရှိ စောင့်ကြည့်ကင်မရာမှ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ Han Yunxi မှ အလုပ်ကတ်ကို ပစ်လိုက်ပြီး သူ၏ မျက်နှာကို ရိုက်မိသွားသော မြင်ကွင်းပင်။
Han Yunxi မှာ မယုံနိုင်စွာဖြင့် ပါးစပ်ကို အုပ်လိုက်တော့သည်။

YOU ARE READING
မြင်မြင်ချင်း အချစ်
Romanceဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။