အခန်း(၃)
လူရမ်းကား။ လွှတ်။
Gu Beiyue မှာ Han Yunxi ကို မသိသော်လည်း Han Yunxi ၏ ပုံစံကို ကြားသိနေခဲ့သည်။ ဤအမျိုးသမီးမှာ Mr. Long ကိုယ်တိုင်မှ နာမည်နှင့်တကွ အလိုရှိသူဖြစ်သည့်အတွက် အမှားအယွင်း မရှိနိုင်ကြောင်း သူ့ကိုယ်သူ တွေးကြည့်လိုက်လေသည်။
"ကောင်းပြီ ကျွန်တော် အပြင်မှာ စောင့်နေပါ့မယ်။ တကယ်လို့ တစ်ခုခု ဖြစ်ရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားပေးပါ။"Gu Beiyue မှာ တိတ်တဆိတ် ပြန်ဆုတ်သွားတော့သည်။
Duanmu Yao ၏ လက်ဖဝါးများတွင် ချွေးစေးများထွက်နေကာ ခွဲစိတ်ခန်းတံခါး ပိတ်ထားသွားသည်ကို မြင်မှ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူမ ဆေးခတ်ရန်အတွက် ဤနေရာမှာတွင် ရှိနေသော်လည်း မခတ်ခင်မှာ Long Feiye ကို အဆိပ်ဖြေရန် ကူညီပေးရဦးမည်။
Duanmu Yao မှာ Long Feiye ကို အဆိပ်ဖြေရန် အလျင်စလို ကူညီနေစဉ်တွင် Han Yunxi မှာ မဝေးလှသော ခွဲစိတ်ခန်းတွင် အရေးပေါ်ကယ်ဆယ်ရေးကို အပြီးသတ်ခဲ့ပြီး ဒဏ်ရာကို Baili Mingxiang အား လွှဲပြောင်းပေးခဲ့သည်။
လူနာသည် မေ့ဆေးမပေးရသဖြင့် သတိရှိနေဆဲဖြစ်သည်။ Han Yunxi မှ ထွက်သွားတော့မည်ကိုမြင်လျှင် သူက အလျင်စလို မေးလိုက်သည်။ "ဒေါက်တာဟန်၊ နာကျင်မှုကိုမကြောက်တဲ့ ငါ့လိုလူနာကို မင်း မသိချင်ဖူးလား။"
Han Yunxi မှာ ပြန်ကြည့်ကာ မေးလိုက်သည်။ " ကျွန်မဘာကို သိချင်ရမှာလဲ။"
လူနာမှာ အလွန်ချောမောသူပင်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေသည့်တိုင် အလွန် ကြည့်ကောင်းနေပဲင်။ သူက ပြောလာလေသည်။ "ဥပမာ၊ ငါ့နာမည်က ဘာလဲ၊ ငါ့ဖုန်းနံပါတ်က ဘာလဲ ဆိုတာမျိုးပေါ့။"
"ရှင့်နာမည်က Gu Xiaoqi၊ အမျိုးသား၊ အသက် ၂၃ နှစ်၊ ဆေးဝါးဓာတ်မတည့်မှု ရာဇဝင်မရှိ၊ အိမ်ထောင်မရှိ၊ လိင်မှုဆိုင်ရာ ရာဇဝင်လည်းမရှိဘူး။ ဒါ့အပြင် ရှင်ပေးချေထားတဲ့ စပေါ်ငွေက လုံလောက်ရုံအပြင် ခွဲစိတ်ကုသစရိတ်နဲ့ ဆေးရုံစရိတ်ထက် အများကြီးကျော်နေပြီး အဖော်လုပ်ပေးနေတဲ့ မိသားစုဝင်လည်း မရှိဘူး။ ဆရာဝန်တစ်ယောက်အနေနဲ့၊ လူနာမှတ်တမ်းကနေ သိထားသင့်တဲ့ အချက်အလက်အားလုံးကို ကျွန်မသိပြီးသားပဲ။ ရှင့်ရဲ့ ဖုန်းနံပါတ်အတွက်ကတော့ တောင်းပန်ပါတယ်။ အဲဒါက ကျွန်မနဲ့မဆိုင်ဘူး။ အလုပ်ရဲ့ အတိုင်းအတာ ထဲမှာ မပါဘူး။"
![](https://img.wattpad.com/cover/357758883-288-k148850.jpg)
YOU ARE READING
မြင်မြင်ချင်း အချစ်
Romanceဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။