အခန်း(၁၉)
ငါလွတ်လပ်သွားပြီ။
သူနာပြုနှစ်ယောက်စလုံးမှာ အဖြေမပေးသည့်တိုင် Gu Qishao မှာ ပြောနေသည်။ "သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အချက်အလက်ထဲမှာ ပါဝင်နေရမယ်။ အရင်က သူမရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ကောင်းမကောင်း သိရမယ်။ ဒါမှ ငါ အာဟာရစရိတ်၊ အရပ်၊ ကိုယ်အလေးချိန်၊ သွေး၊ အရပ်၊ ဖိအား၊ မျက်လုံး၊ အဟမ်း... နဲ့ ခန္ဓာကိုယ် တိုင်းတာချက်တွေက လှည့်စား မခံရမှာ။ ဒါတွေက ပုံမှန် မရှိမဖြစ်ပဲ။"
Gu Qishao မှာ အတန်ကြာ စဉ်းစားပြီး ထပ်ပြောလိုက်သည်။ "သူမရဲ့ မိသားစုဝင်တွေ၊ အလုပ် နောက်ခံ စတာတွေနဲ့ သူမရဲ့ မိသားစု အခြေအနေလည်း ပါရမယ်။ သူမအတွက် တောင်းဆိုမှုကို ဘယ်သူကိုင်တွယ်မလဲ၊သူမကို ပြုစုမယ့်သူရှိလား မရှိလား သိရမယ်။ ရှေ့နေတွေက အားကိုးလို့မရဘူး။"
သူနာပြု နှစ်ယောက်မှာ သူ့ကို လျစ်လျူရှုထားဆဲပင်။
Gu Qishao မှာ ဆက်ပြောလိုက်ပြန်သည်။ "စကားမစပ်၊ သူမ ဘယ်အသီးအရွက်တွေ ကြိုက်တယ်၊ ဘယ်အသီးအနှံတွေ ကြိုက်တယ်နဲ့ ပုံမှန် ဝါသနာပါတာတွေလိုမျိုး သူမရဲ့ စိတ်ကြိုက်စာရင်းလည်း လိုတယ်။ ဒါမှ သူမကို ပြုစုပေးဖို့ တစ်ယောက်ယောက်ကို ငှားရရင် အဆင်ပြေလိမ့်မယ်။"
Gu Qishao မှာ တစ်လမ်းလုံး စကားများနေပြီး သူ၏ လူနာခန်းထဲ ပြန်ပို့လိုက်မှ ငြိမ်သက်သွားတော့သည်။
"ညီမ သူနာပြု၊ ငါပြောသမျှကို မှတ်မိသေးရဲ့လား။"
သူနာပြုမှာ တုံ့ပြန်လိုက်လေသည်။ "တောင်းပန်ပါတယ်။ ကျွန်မတို့က ရှင့်ကို ဂရုစိုက်ဖို့ပဲ တာဝန်ရှိတယ်။ တကယ်လို့ ရှင် ဒေါက်တာဟန်ရဲ့ အချက်အလက်ကို သိချင်ရင် သူမရဲ့ ရှေ့နေကို ဆက်သွယ်လိုက်ပါ။"
Gu Qishao မှာ မကျေမနပ်ဖြင့် မေးလိုက်ပြန်သည်။ " ဒါဆိုလည်း ကျေးဇူးပြုပြီး လူနာခန်း ချက်ချင်းပြောင်းပေးပါဦး။"
သူနာပြုမှာ တုံ့ပြန်လာသည်။ "တောင်းပန်ပါတယ် ဒေါက်တာဟန်က ဝန်ထမ်းလူနာဆောင်မှာ ရှိနေပြီး လူတိုင်းအတွက် မဖွင့်ထားပါဘူး။"

YOU ARE READING
မြင်မြင်ချင်း အချစ်
Storie d'amoreဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။