Part 4

6.8K 344 76
                                    

"ကဲ ငါ့တူ အန်တီလည်း အပြင်သွားစရာလေးရှိလို့ သွားဦးမယ်..."

"အော် ဟုတ်ကဲ့ အန်တီ..."

"ကိုလင်းသွားပြီနော် ဘာမှာဉီးမလဲ..."

"မမှာတော့ဘူး  ဟေမာ..."

"အွန်း...."

အန်တီက ကျွန်တော့်ကို နှုတ်ဆက်ပြီးတာနဲ့ အပြင်ထွက်သွားတယ်။

"ငါ့တူရာ အန်ကယ်တို့က မင်းကိုလွမ်းနေတာ.... မင်းအဆင်ရောပြေပါ့မလားဆိုပြီးလဲစိတ်ပူနေရသေးတယ်။..."

"ကျွန်တော်လည်းသတိရပါတယ်။ ဒါပေမယ့်....မေ့လိုက်ချင်တာနဲ့....."

မျက်နှာပျက်သွားတဲ့ တူဖြစ်သူကို မြင်ပြီးစိတ်မကောင်းတာကြောင့် စကားလမ်းကြောင်း လွှဲဖို့လုပ်လိုက်တယ်။

"ကဲ အဲ့တာတွေ အသာထားပါ။ဟို အထုပ်ကြီးက ဘာကြီးလဲ..."

"အော် အဲ့တာကြီးက အစုံပါပဲ...အသီးအနှံတွေရော ပဲတွေရော ပြီးတော့လေ မျှစ်တွေလဲပါတယ် သိလား...သူတို့ကိုယ်တိုင် တောထဲက ချိုးခဲ့တာ.....လက်ပံပွင့်တွေ ဇီးသီးတွေရောပဲ..."

"ဟာ စုံလှချည်လားကွ...."

"ဟုတ်တယ် အန်ကယ်ရဲ့ အစုံပဲ။ သူတို့က ကျွန်တော့်ကို အရမ်းခင်တွယ်တာ...နောက်ကျ အလည်သွားပါဦးမယ်..."

"ခုမှ ရောက်တာကို အလည်သွားဖို့ပြောနေပါလား..."

"ဟီး....ဒီလိုပါပဲ...."

"ငါ့တူကတော့ကွာ... အန်ကယ်က အလုပ်သမားတွေကို ငါ့တူအကြိုက်   မုန့်ဟင်းခါးချက်ခိုင်းထားတယ်။လာ... စားကြရအောင်..."

"ကျွန်တော့်အကြိုက်ပဲ...နှစ်ပွဲလောက်စားလိုက်မယ် အန်ကယ်"

"ဟားးးဟားးး အိုးလိုက်စားလဲရတယ်..."

"ဟားးးးးးးဟားးးးး"

___________________

ကျောင်းဝင်းထဲကို ဝင်လာတဲ့ ဆိုင်ကယ်သုံးစီးနဲ့ ပြိုင်ကားတစ်စီးက အားလုံးရဲ့ အာရုံကိုဖမ်းစားခဲ့တယ်။

Wisdom Pathways University က ခုဆို private university ကနေ ထပ်တိုးပြီး private school ပါထပ်ဖွင့်ခဲ့တာကြောင့် သူတို့အကုန် ဒီမှာပဲတက်နေကြတာ။ အမွှာနှစ်ယောင်နဲ့ဝေဟင် တို့ကတော့ အထက်တန်းနောက်ဆုံးနှစ်ပေမယ့် ထိပ်တန်းကတော့ တက္ကသိုလ် နောက်ဆုံးနှစ်ရောက်နေပြီ...

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now