"ခု ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားလဲ...."
ဦးသူရိန် သူ့ရှေ့က မြေးဖြစ်သူကိုကြည့်ပြီး မေးခွန်းတစ်ခုကို ပြတ်ပြတ်သားသားမေးလိုက်တယ်။ သူ့ဘေးက လပြည့်သစ္စာဆိုတဲ့ ကောင်လေးကတော့ မျက်နှာငယ်လေးနဲ့ ခေါင်းတောင်မထောင်ဘူး။ သိရသလောက်တော့ ကိုယ့်မြေးက ဒီကောင်လေးဆန္ဒမပါပဲ ကားတင်ပြေးတာတဲ့လေ။ ဟူး....ဒီကလေးကတော့ မလွယ်ပါဘူး။ ဒါတွေ အားလုံး ဝဏ္ဏမင်း လက်ချက်။ ခုလည်း နှစ်ဖက် အုပ်ထိန်းသူတွေ တွေ့မလို့ပါဆို အိမ်ကိုမလာဘူး သူ့ကိုဝိုင်းပြောကြမှာတော့သူသိတယ်....
"ကျွန်တော် တာဝန်ယူမှာပါ ဖိုးဖိုး...ကိုကို့ကို ကျွန်တော် လက်ထပ်မှာ..."
ထိပ်တန်း ဘေးက မျက်နှာငယ်လေးနဲ့ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ကိုကို့ရဲ့ လက်ကို ဆုပ်ကိုင်ကာ ဖိုးဖိုးရဲ့ မေးခွန်းကို ပြန်ဖြေလိုက်တယ်။
ကိုကို့ရဲ့ သိမ်ငယ်နေတဲ့ မျက်နှာလေးကို မြင်တော့ စိတ်မကောင်းဖြစ်မိတယ်။ ဒီလို သိမ်ငယ်အောင် ကိုယ်ပဲ တစ်ဇွတ်ထိုး လုပ်ခဲ့တာမလား။စိတ်ထဲမှာလည်း ကိုကို မကြားပေမယ့် အကြိမ်ကြိမ် ကတိပေးမိတယ်။
ဒီတစ်ခါနောက်ဆုံးပါပဲ ကိုကို နောက်တစ်ခါ ကျွန်တော်ကြောင့် မျက်နှာ ထပ်မငယ်စေရဘူး။ ထိပ်တန်းမဟာ ဆိုတဲ့ ကျွန်တော့်ရဲ့ omega က ဘယ်သူ့ရှေ့မှာမှ ခေါင်းငုံ့နေစရာ မလိုဘူး။
"မင်းတာဝန်မယူလို့လဲ မရဘူးလေ မင်းအမှတ်အသားပေးပြီးပြီမလား...."
သုတ စိတ်မရှည်တော့ပါဘူး။ ဦးက သူတို့အားလုံးကို ဝင်မပြောဖို့ ပြောလို့သာ ငြိမ်နေရတာ။
"ခုရော ငါ့သားက ဘာပြောနေလို့လဲ တာဝန်ယူမယ်လို့ပဲ ပြောနေတာလေ..."
နေသစ် သုတစကားကို ပြန်ထောက်လိုက်တယ်။ အဲ့သုတ ဆိုတဲ့ကောင် ဘာမှန်းကို မသိဘူး။ ယောကျာ်းယူတာများ အထူးအဆန်း လုပ်ပြီးမဲနေတယ်။ ဟိုနှစ်ကောင်ကြ မယူမှာ ကြလို့.....
"ဟို.....သားလေး လက်ထပ်မယ်ဆိုရင်လေ ဘယ်မှာ လက်ထပ်မှာလဲဟင်...လက်ထပ်ပြီးရင်ရော ဘယ်မှာ နေမှာလဲ...ဒီမှာပဲ နေပါသားရယ် နော်....."
YOU ARE READING
Love Blaze { အချစ်မီးလျှံ } [ Season 2 ]
Romance_မှားယွင်းနေတဲ့ရင်ခုန်သံတွေက နှလုံးသားကိုပိုပြီးနာကျင်စေတယ်။ _တစ်ခါတစ်လေမှာ အချစ်က လူတစ်ယောက်ကို ဗီလိန်အဖြစ်ပြောင်းလဲစေနိုင်တယ်။ _ငါတို့ရဲ့ မှာယွင်းတဲ့အချစ်တွေကတော့ ခပ်ပြင်းပြင်း တောက်လောင်နေတဲ့ မီးတောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီ........