ဒေလီယာဘာဆက်လုပ်ရမှန်းကိုမသိတော့ဘူး။ မောင်လေးပုံကြည့်ရတာလည်း တော်တော်လန့်နေတဲ့ပုံပဲ။ တကယ်ပဲ ဘာဆက်လုပ်ရမှာလဲ.....
"အား!!!ရူးချင်လာပြီ...ဒီအချိန်မှာ ထိပ်တန်းမဟာကို လက်ထပ်ဖို့ကိစ္စလည်း ပြောလို့ရမှာမဟုတ်ဘူး။ ဒီအိမ်ကလည်း ဘာလို့ဒီလောက်ထိပူလောင်နေမှန်းကိုမသိတော့ဘူး။ ဟိုကောင်ကလည်း သူနဲ့ပေါင်းကြံပါမယ်ဆိုမှ ရက်ပိုင်းတောင်မခံဘူးသေသွားတယ်။ ခုဒီပိုက်ဆံကို ဘယ်လိုရှာရမှာလဲ။ ခိုးရမှာလား။ ဟာ မဖြစ်သေးပါဘူး။ ကြံစမ်းပါ........"
ဒေလီယာ တော်တော်အကြံအိုက်နေပြီ။ ဘယ်လောက်ဆိုးတာဖြစ်နေပါစေ။ လုပ်မယ်ဆိုတာကိုတောင် အဲ့လိုဆိုးဖို့ အကြံကထွက်မလာဘူး။ ဒုက္ခတော့ရောက်တော့မှာပဲ....
______________ဝေဟင် အခန်းထဲမှာ ထိုင်နေရလို့ပျင်းနေပြီ။ရှိုင်းကလည်း ကိုကြီးလပြည့်နဲ့ထပ််ထွက်သွားပြန်ပြီ။ သူ့ကိုရော ကိုကြီးလပြည့်ကိုရောယုံပေမယ့် သူကြကိုယ့်ကိုမယုံပေးနိုင်လို့အသိမပေးတာမလား။ အဲ့တာကိုတွေးမိတိုင်း စိတ်မကောင်းဖြစ်မိတယ်။
ဒေါက်! ဒေါက်! ဒေါက်!
"ဘယ်သူလဲ ခင်မျ...."
"ကျွန်တော် code 7 ပါ။ သခင်လေးရဲ့ အဖေဖြစ်သူရောက်နေပါတယ်...."
"အော်...ဟုတ်ကဲ့ ကျွန်တော် လာပြီ...."
ဝေဟင် ဒယ်ဒီရောက်နေတယ်ဆိုတဲ့ အသံကြားတာနဲ့ တော်တော်ပျော်သွားတယ်။ ဒယ်ဒီက သူ့ကို စိတ်ဆိုးပြီးမတွေ့တာကြာပြီလေ။ တွေ့ရင်တောင် စကားမပြောဘဲ ရှောင်သွားနေကြမို့ ဝေဟင်လည်း အိမ်ဘက်ကိုမသွားဖြစ်ဘူး။ ခုတော့ ဒယ်ဒီကိုယ်တိုင်လာတယ်ဆိုတော့ တော်တော်ကို ဝမ်းသာမိတယ်....
-
-
-
"ဒယ်ဒီ....."ဝေဟင် အောက်ထပ်ရောက်လို့ ဒယ်ဒီ့ကိုတွေ့တာနဲ့ အရဲစွန့်ပြီး ခေါ်လိုက်တယ်....
"သားလေး...."
ဒယ်ဒီ့ဆီက သားလေးဆိုတဲ့ ခေါ်သံကိုကြားမှ ဝေဟင် စိတ်အေးသွားတော့တယ်။ သူ့ကို ဒယ်ဒီစိတ်ဆိုးပြေပြီထင်တယ်.....
"ဒယ်ဒီ....ကျွန်တော့်ကို စိတ်မဆိုးတော့ဘူးလားဟင်...."
"သားရယ်....ဒယ်ဒီက မင်းကို ဘယ်လိုလုပ်အကြာကြီးစိတ်ဆိုးရက်မှာလဲကွာ။ ဒယ်ဒီစိတ်ဆိုးပြေတာ ကြာပါပြီ။ မင်းများလာမလားဆိုပြီး မျှော်နေတာ။ မင်းက မလာတော့ နောက်ဆုံးငါလိုက်လာခဲ့တာပေါ့...."
YOU ARE READING
Love Blaze { အချစ်မီးလျှံ } [ Season 2 ]
Storie d'amore_မှားယွင်းနေတဲ့ရင်ခုန်သံတွေက နှလုံးသားကိုပိုပြီးနာကျင်စေတယ်။ _တစ်ခါတစ်လေမှာ အချစ်က လူတစ်ယောက်ကို ဗီလိန်အဖြစ်ပြောင်းလဲစေနိုင်တယ်။ _ငါတို့ရဲ့ မှာယွင်းတဲ့အချစ်တွေကတော့ ခပ်ပြင်းပြင်း တောက်လောင်နေတဲ့ မီးတောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီ........