"မင်းဘယ်လိုရှင်းမှာလဲ!"
"မအော်ပါနဲ့မောင်လေးရယ် မမရှက်လို့ပါ...."
ဒေလီယာ အော်ကြီးဟစ်ကျယ်လုပ်နေတဲ့ မောင်ဖြစ်သူကို တားသယောင်ဟန်ဆောင်လိုက်တယ်။ ဘာပဲဖြစ်ဖြစ်ခုသူတို့ခြေတစ်လှမ်းလှမ်းနိုင်ပြီလို့ဆိုလို့ရတယ်။ ဘာလို့လဲဆိုတော့ သူတို့မောင်နှမနှစ်ယောက်လုံး မဟာအိမ်ရဲ့ ဧည့်ခန်းထဲမှာ အမိန့်သားထိုင်နေနိုင်ပြီလေ.....
"ထိပ်ထိပ်.....ဘာတွေလဲ..."
လပြည့် လက်ဖျားခြေဖျားတွေတွေ အေးစက်လာတဲ့အထိ ထိတ်လန့်နေမိတယ်။ ဟိုကောင်လေးပြောပုံအရဆို ထိပ်ထိပ်က သူ့အမကိုတာဝန်ယူရမှာတဲ့လား။ လပြည့်သိတဲ့ ထိပ်ထိပ်က ခုလိုလူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ခုလပြည့်ဘေးမှာ ထိုင်နေတဲ့ ထိပ်ထိပ်ကတော့ ခေါင်းငုံ့လျက်သား ဘာသံမှတောင်မထွက်ဘူးတဲ့လား.....
"ခနလေး.... အန်ကယ်က လူကြီးတစ်ယောက်အနေနဲ့ အန်ကယ့်မြေးကိစ္စကိုဖြေရှင်းပေးပါ့မယ်။ အဲ့တာကြောင့် ဒီဘက်ကကလေးတွေက အော်ကြီးဟစ်ကျယ်မလုပ်ပဲ ကိစ္စအားလုံးကိုသေချာရှင်းပြပါ...."
"ဟက်! ရှင်းပြတဲ့ အမရေ ကျွန်တော်တော့မရှင်းပြနိုင်ဘူး။ ရှင်းပြနေရင်းလူသတ်ချင်စိတ်တွေပေါက်လာလို့....."
ဟိန်းမင်း ကိုယ့်ဘာသာကိုပြောပြီးကိုယ့်ဘာသာကို သဘောကျနေမိတယ်။ ဟိန်းမင်း ဒီမလာခင် တစ်အိမ်လုံးကလူတွေကို အလွတ်ရတဲ့ထိသေချာ လေ့လာခဲ့တာမို့ ဘယ်သူက ဘယ်သူဆိုတာသိနေပြီးသား။ ခုဆိုအားလုံးကိုသိနေတာမို့ သရုပ်ဆောင်ရတာကလည်းပိုလွယ်ကူနေရော။
ငါလေးက တကယ်သရုပ်ဆောင်တိုးတက်လာပြီပဲ။ နောက်ကျ ငါ့အမခြေရာကိုနင်းနိုင်တော့မှာပဲ.....
"ဟို...ဟို....အန်ကယ့်မြေးက....အဟင့်....
ကျွန်မရှက်တယ်.....ကျွန်မမှာ မိဘတွေမရှိတော့ပေမယ့် မိကောင်းဖခင်သားသမီးပါ။ ရိုးရိုးသားသားလုပ်စားနေတဲ့သူပါ....""ဟုတ်ပါတယ်ဗျာ ကျုပ်အမက ကျုပ်ကို ရိုးရိုးသားသားရှာကျွေးခဲ့တဲ့သူပါ။ ကျုပ်ကသာ ဆိုးသွမ်းနေတာပါ။ ခုတော့ ကျုပ်ကို ကောင်းကောင်းမွန်မွန်ကြီးပြင်းလာအောင် စောင့်ရှောက်ပေးခဲ့တဲ့အမကို ကျုပ်ကမကာကွယ်လိုက်နိုင်ဘူး....ဟာကွာ တောက်!"
YOU ARE READING
Love Blaze { အချစ်မီးလျှံ } [ Season 2 ]
Romantik_မှားယွင်းနေတဲ့ရင်ခုန်သံတွေက နှလုံးသားကိုပိုပြီးနာကျင်စေတယ်။ _တစ်ခါတစ်လေမှာ အချစ်က လူတစ်ယောက်ကို ဗီလိန်အဖြစ်ပြောင်းလဲစေနိုင်တယ်။ _ငါတို့ရဲ့ မှာယွင်းတဲ့အချစ်တွေကတော့ ခပ်ပြင်းပြင်း တောက်လောင်နေတဲ့ မီးတောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီ........