Part 11

6.6K 330 144
                                    

[ 🚨🚨🚨ရိုင်းစိုင်းသောစာသားအချို့နှင့် ကလေးတို့နှင့်မသင့်တော်သောစာသားအချို့ ယခုအပိုင်းတွင်ပါရှိပါသောကြောင့် ကလေးငယ်များမဖတ်ဖို့ အသိပေးချင်ပါတယ်။ ၁၅နှစ်လောက်ဆိုရင်တော့ ဖတ်လို့အဆင်ပြေလောက်မှာပါ။ ]

"ဘာ!!!!"

"ဟုတ်တယ် ငါ့မြေးထိပ်တန်း ယောကျာ်းခိုးသွားပြီ...."

"ဒယ်ဒီ တကယ်ပြောနေတာလား သားလေးက...မဟုတ်လောက်ပါဘူး Rueကိုတောင် ဘာမှမပြောသွားဘူး...."

မနေ့ညက ထိပ်တန်းအိမ်ပြန်မအိပ်လို့ သုတတစ်ညလုံးသောင်းကျန်းနေပါတယ်ဆိုမှ မနက် ခြောက်နာရီလောက်ကြီး ဘယ်ချိန်က နိုင်ငံခြားက ပြန်ရောက်လာမှန်းမသိတဲ့ ဒယ်ဒီက အိမ်ပေါ်အတည်ပေါက်ကြီးနဲ့ တက်လာပြီး သားလေးက ယောကျာ်းခိုးသွားပြီတဲ့ လာပြောနေတယ်။ Rue ဖြင့်ယုံတောင်မယုံနိုင်ဘူး.....

"Rue ရယ် ‌ဟိုကယောကျာ်းခိုးပါတယ်ဆိုမှ မောင်တို့ကို 'ဒယ်ဒီနဲ့ပါးပါး သားသားဒီနေ့ယောကျာ်းခိုးပြေးတော့မယ်' အဲ့လိုပြောမလား...."

နေသစ် စိတ်မရှည်တော့ဘူး ယောကျာ်းခိုးသွားတာများ ဘာတွေ အကြီးအကျယ်လုပ်နေကြမှန်းမသိဘူး။ ကိုယ့်သား ယောကျာ်းရတာ ဂုဏ်ယူရမှာပေါ့။ နေသစ်တို့ကတော့ ကိုယ့်သားကိုယ်ယုံတယ်။ သေချာပေါက် အရွေးတော်မှာပဲ....

"ခနနေပါဦး အဲ့တာဆို ဘယ်သူ့ကို ခိုးပြေးတာလဲ...ဦးဝဏ္ဏမင်း လိမ်ဖို့ မစဉ်းစားနဲ့နော် ခင်များ ခိုးသွားတာသိထဲက ဘယ်သူ့ကိုခိုးသွားလဲ ဆိုတာလဲ သိမှာပေါ့...."

သုတ ဒေါသက ငယ်ထိပ်ရောက်နေပြီ။ ကိုယ်တွေကတော့ တစ်ညလုံး အိမ်ပြန်မလာလို့ ပူပင်နေတာ သူကတော့ ယောကျာ်းတောင် ခိုးပြေးသွားသေးတယ်။ အိမ်ထောင်ပြုချင်နေလဲ အိမ်ကိုပြောပေါ့။ မိသားဖသားပီပီ တောင်းရမ်းပေးလို့ရတာပေါ့။ ခုတော့ ခိုးပြေးတယ်တဲ့ တစ်ဖက်မိသားစုကို အားနာစရာကြီး.....

"ဟိုဘက်အိမ်က ကောင်လေး...."

"ဘာ!!!ဘဘ ဝေဟင်လား...."

ရှိန်း အလန့်တကြားအော်မေးမိတယ်။ ကိုကိုနဲ့ ဝေဟင် ဝေဟင်နဲ့ကိုကို မဟုတ်သေးပါဘူး။ ငါ့လို အကုန်သိနေတဲ့ သူက ဒီကိစ္စ လွတ်သွားတာ လုံးဝမကျေနပ်နိုင်ဘူး.....

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now