Part 29

6.6K 364 83
                                    

"အဟင့်...."

လပြည့် ရှိန်းကို ကိုRueနဲ့ အပ်ခဲ့ပြီး အိပ်ခန်းထဲမှာပဲ လာနေနေတာ။ သူခုချိန် ရှိန်းနားမှာ နေလို့မဖြစ်ဘူး။ သူနာကျင်လွန်းလို့ မျက်ရည်တွေက ဆက်တိုက်စီးကျနေခဲ့တာ။
ရှိန်းခမျာ အရင်ကတည်းက နေမကောင်းရတဲ့ ကြားထဲ သူငိုနေတာသာ မြင်ရင် ပိုစိတ်မကောင်းဖြစ်နေမှာ။ အဲ့တာကြောင့် ကိုRueနဲ့ အပ်ခဲ့လိုက်ရတာ.....

သူအခန်းထဲမှာငိုနေတာ နာရီဝက်လောက်ရှိရောပေါ့။ ဒါတောင် ခုထိ ထိပ်ထိပ်က ပေါ်မလာသေးဘူး။ မေသွန်းဆက်ကို သိပ်စိတ်ပူနေပုံပဲ....

ကျွီ.....

လပြည့် အခန်းတံခါးဖွင့်ပြီး ဝင်လာတဲ့အသံကိုကြားတာကြောင့် တံခါးဘက်ကို ကျောပေးပြီးသာ အိပ်နေလိုက်တယ်။

"ကိုကို....."

ထိပ်တန်း ကိုကို့ကို ခေါ်ပေမယ့် လှည့်မကြည့်တာကြောင့် ဘာဆက်ပြောရမှန်းရတောင် မသိတော့ဘူး။ ကျောပေးပြီး အိပ်နေတဲ့ ကိုကို့ရဲ့ ခန္ဓာကိုယ်လေးကလည်း တသိမ့်သိမ့်တုန်နေရှာတာ။ ကိုကို ဘယ်လောက်တောင် ဝမ်းနည်း‌နေလိုက်မလဲ။ အဲ့လိုတွေဖြစ်ရတာ သူ့ကြောင့် အားလုံးက သူကြောင့်ဖြစ်ရတာ။ သူအသုံးမကျလို့။ ကိုကို့ကို ကာကွယ်ပေးမယ်ဆိုပြီး မကာကွယ်ပေးနိုင်ခဲ့တဲ့အပြင် ကိုကို့ကို စိတ်မဆင်းရဲစေရဘူးလို့ ကတိပေးပြီး သူကိုယ်တိုင်ပဲ စိတ်ဆင်းရဲအောင်လုပ်နေမိတာ....

"ဟာကွာ!!!!!"

ဒုန်း!!!ဒုန်း!!!ဒုန်း!!!

"ထိပ်ထိပ်!!!ထိပ်ထိပ် ဘာလုပ်‌တာလဲ။ တော်တေ့ာ!!!!"

လပြည့် ဝုန်းကနဲ အသံကြားတာကြောင့် လန့်ပြီးလှည့်ကြည့်လိုက်တော့ နံရံကိုလက်သီးနဲ့ ဆက်တိုက်ထိုးနေတဲ့ ထိပ်ထိပ်ကြောင့် ကုတင်ပေါ်က အမြန်ဆင်းပြီး သွားဆွဲရတယ်။

"ဖယ်! ကျုပ်ကြောင့် ကိုကို နာကျင်ရတာ။ ကျုပ်အသုံးမကျလို့။ ကျုပ်က ခုဆို သူများသားသမီးကို စော်ကားခဲ့တဲ့အပြင် ကိုယ့်အိမ်ထောင်ဖက်ပေါ်မှာလည်း သစ္စာဖောက်တဲ့ကောင် ဖြစ်နေပြီဗျ!!!! ဖယ်ပါ! ကျုပ်လိုကောင်က သေသင့်တဲ့ကောင်ပါ....ဟာ! ဒုန်း!!!....."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now