Part 43( End )

8.5K 429 97
                                    

"ပြောလို့ပြောတာမဟုတ်ဘူးကွ...မင်းအဲ့ထုတ်တန်းကို ကျေးဇူးတင်သင့်တယ်။ အဲ့မီးစွဲနေတဲ့ ထုတ်တန်းကြောင့်သာ မင်းနံရိုးကဒဏ်ရာကို မီးနဲ့ကင်လိုက်သလိုဖြစ်သွားပြီး သွေးတိတ်သွားတာ။ အဲ့လိုမှမဟုတ်ရင်  သွေးထွက်လွန်ပြီး အသက်မှီမှာမဟုတ်ဘူး......."

ထိပ်တန်း ညီဖြစ်သူကို ‌အဲ့နေ့ကအကြောင်းတွေသေချာပြောပြနေမိတယ်။ အဲ့နေ့ကသာ သူတို့စောစောမရောက်ခဲ့ရင် ဒါမှမဟုတ် အဲ့တုတ်တန်းသာမပြုတ်ကျပဲ ရှိုင်းမီးလောင်ဒဏ်ရာမရခဲ့ရင် သေချာ‌‌ပေါက်ရှိုင်းတစ်ယောက်ထဲဆုံးရှုံးရင်ဆုံးရှုံး မဟုတ်ရင်ရှိုင်းရော၊ဝေဟင်ရော နှစ်ယောက်လုံးကို ဆုံးရှုံးရမှာ။ ခုတော့ နှစ်ယောက်လုံး အန္တရာယ်ကင်းပြီပေါ့.......

"အားလုံးကို ကျေးဇူးတင်ပါတယ်...
ကျွန်တော်တို့ဆီကို အမြန်ဆုံးလာခဲ့ပြီး ကယ်တင်ပေးခဲ့လို့......"

ရှိုင်း ကုတင်ဘေးက ဝှီးချဲပေါ်ထိုင်နေတဲ့ ဝေဟင့်ရဲ့လက်ကိုဆုတ်ကိုင်ကာ အားလုံးကိုကျေးဇူးတင်စကားပြောလိုက်တယ်။ အခြားသူတွေက သူ့ကို သူ့ကျောကဒဏ်ရာကိစ္စကြောင့် စိတ်မကောင်းဖြစ်နေတယ်လို့ ထင်နေကြပေမယ့် အမှန်တော့ ဝေဟင်ရော၊ကလေးရော ဘေးကင်းလို့ သူပျော်နေတာ....

"မိသားစုဝင်တွေကြား ကျေးဇူးဆိုတဲ့စကားလိုလို့လား....."

"မောင်ပြောတာ ဟုတ်သားပဲ ရှိုင်းရယ်....အဲ့စကားတွေက မလိုပါဘူး။ ကိုကြီးဆို အဲ့နေ့ထဲက လာကြည့်ချင်တာ။ မောင်က လုံးဝမလာရဘူး‌ဆိုပြီး တားထားလို့ ဒီနေ့မှလာရတာ...."

"မောင်က Rue ကို စိတ်ပူလို့ပါ....."

"Rue သိပါတယ်...."

နေသစ် ထိုင်နေတဲ့Rue ရဲ့ ပုခုံးကိုအသာဖတ်ကာ ပြုံးပြလိုက်တယ်။ Rue ခုလိုလေး ပြန်ကြည်လင်လာလို့ တော်သေးတယ်။ ရှေ့ရက်တွေကဆို ဟိန်းမင်းသေတဲ့ကိစ္စကို အရမ်းထိတ်လန့်နေတာကြောင့် အခန်းအောင်းခိုင်းထားရတာ။ ခုတော့ ဒေါ်ယမင်းသွယ်ကလည်း တရားဆွဲထားတာကို ပိတ်လိုက်ပြီဆိုတော့ အေးဆေးဖြစ်သွားပြီ.....

"ဒါနဲ့ ရှိန်းဆီမသွားကြဘူးလား...."

ရှိုင်းတို့ ဒီဆေးရုံမှာ တက်နေတာ သုံးရက်လောက်ရှိနေပြီ။ သူတို့ကိစ္စဖြစ်တဲ့နေ့က ရှိန်းဆေးရုံဆင်းမယ့်နေ့။ ဒါပေမယ့် သူတို့ကိစ္စဖြစ်သွားတာကြောင့် ဒီရက်ပိုင်းရှိန်းကို ဒီဆေးရုံမှာပဲ သူနာပြုနဲ့ခနထားထားရတာ။ ခုလဲ ဒီအခန်းထဲမှာ ဖေဖေကစ ဖိုးဖိုးလင်းတို့အဆုံး အကုန်လုံးရောက်နေကြတယ်။ ရှိန်းခမျာ သူနာပြုနဲ့နှစ်ယောက်တည်း ကျန်ခဲ့မှာပေါ့.........

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now